မဘသ ၃ နှစ်ပြည့်

  • 5 ဇွန် 2016
ဓာတ်ပုံ မူပိုင် mabatha
Image caption အများပြည်သူတွေလည်း တက်ရောက်ခဲ့

အမျိုးဘာသာ သာသနာ စောင့်ရှောင့်ရေး အဖွဲ့ မဘသ (ဗဟို) ရဲ့ ၃ နှစ်ပြည့် အခမ်း အနားကနေ မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး မရှိကြောင်း အစိုးရ အနေနဲ့ တရားဝင် ကြေညာ ချက် ထုတ်ပြန် ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ရန်ကုန်မြို့ အင်းစိန် အောင်ဆန်း တပ်ဦး ကျောင်းမှာ ပြုလုပ်တဲ့ ဒီအခမ်း အနားမှာ အမျိုးသား လုံခြုံရေး အတွက် ၁၉၈၂ နိုင်ငံသား ဥပဒေ အတိုင်း ဆောင်ရွက်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နယ်စပ် ခြံစည်း ရိုး ဆက်လက် ဆောက်လုပ်ပြီး နယ်စပ် ဂိတ်တွေကို အသေ အချာ စစ်ဆေးဖို့ ကိုလည်း တောင်းဆို ထားပါတယ်။

တခါ မတူကွဲ ပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ပြန်လွှတ် မပေးတာဟာ တရားဥပဒေ စိုးမိုးရေးကို အလေးထား သော ဒီမိုကရေစီ အစိုးရသစ်၏ ပုံရိပ်ကို ထိခိုက် စေကြောင်း လည်း ဖေါ်ပြထား ပါတယ်။

ဒီအခမ်း အနားကို နိုင်ငံ အနှံ့က ရန်ဟန်း ရှင်လူ ၅၀၀၀ ခန့် တက်ရောက် ကြပြီး သီရိလင်္ကာ ထိုင်း နီပေါ အိန္ဒိယ စတဲ့ နိုင်ငံ က ရဟန်းတော် တွေလည်း တက်ရောက်ကြ ပါတယ်။

ဒီပွဲကို တက်ရောက် လာတဲ့ သီရိ လင်္ကာ ထိုင်း နီပေါ အိန္ဒိယ စတဲ့ နိုင်ငံ က ရဟန်းတော်တွေ ကလည်း သူတို့ နိုင်ငံ တွေက အတွေ့ အကြုံတွေ ကိုပြောကြားခဲ့ပြီး ဗုဒ္ဓ ဘာသာ လူ့ အဖွဲစည်း ကို ဝိုင်းဝန်း ကာကွယ် စောင့်ရှောက်ဖို့ ကိုအဓိက ပြောသွားကြပါတယ်။

မဘသ အဖွဲက တော့ ဗုဒ္ဓ ဘာသာဟာ မြန်မာနိုင်ငံ ရဲ့ အ မျိုးသားရေး လက္ခဏာ ဖြစ်ပြီး ဗုဒ္ဓဘာသာ ကို စောင့်ရှောက် ကာကွယ် သွားမှာ ဖြစ်တယ် လို့ ရှေ့လုပ်ငန်း စဉ်ထဲမှာ ပြောသွား ပါတယ်။