ဒေါ်စု မျက်စိ ကျန်းမာရေး ကောင်းမွန်

  • 8 ဇွန် 2016
Eye Specialist Dr Khin Ohmma Khine ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဒေါ်စုက ညွှန်ကြားတဲ့ အတိုင်း လိုက်နာတယ်လို့ မျက်စိ အထူးကုဆရာဝန်ပြော

ဒေါ်အောင်ဆန်း စုကြည်က မျက်စိခွဲစိပ် ကုသမှု ခံယူအပြီး တစ်လကျော် အကြာမှာ ဇွန်လ ၈ ရက်နေ့က ပုံမှန် စစ်ဆေးခဲ့ ပါတယ်။

အတွင်းတိမ်ကို ခွဲစိတ်မှုက ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ခွဲစိပ်ခဲ့စဉ်ကတည်းက ဖြစ်နိုင်ဖွယ်ရှိတဲ့ ပြဿနာတွေ လုံးဝ မရှိခဲ့လို့ အခုလည်း ကောင်းမွန်ကြောင်း မျက်စိ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ခင်ဥမ္မာခိုင်က ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က မြင်နိုင်စွမ်း နည်းနည်းကျတာနဲ့ သတိထားမိပြီး အမြန်ဆုံး ခွဲစိပ်ကုသခံယူခဲ့တာလို့ သူက ပြောပါတယ်။

ခွဲစိတ်မှုမလုပ်ခင်က လူနာရဲ့ အခြေအနေကို မသိရသေးတဲ့ အတွက် အခက်အခဲ ရှိလေမလားလို့ စိတ်ပူပင်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မျက်စိ နှစ်ဖက်စလုံးကို စမ်းသပ်ပြီးတဲ့အခါ တခြားမျက်စိရောဂါတွေ မရှိဘဲ အလွယ်တကူ ခွဲစိပ်နိုင်တယ်ဆိုတာ သိခဲ့ရတယ်လို့ ဒေါက်တာ ဒေါ်ခင်ဥမ္မာခိုင်က ပြောပါတယ်။

မျက်စိ ခွဲစိတ်မှုဟာ မေ့ဆေးနဲ့ ခွဲတာ မဟုတ်ဘဲ ထုံဆေးနဲ့ ခွဲတာ ဖြစ်လို့ လူနာတွေရဲ့ ပါဝင်ကူညီမှုကလည်း အရေးကြီးကြောင်းနဲ့ ဒေါ်အောင်ဆန်း စုကြည်ကတော့ မခွဲခင်ရော ခွဲပြီး ကာလမှာပါ ဆရာဝန်ပြောတဲ့ အတိုင်း လိုက်နာ ဆောင်ရွက်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က မျက်စိက အားကောင်းပြီး အဝေးကြည့်အတွက် မျက်မှန်မလိုပေမဲ့ စာကြာကြာ ဖတ်မယ်ဆိုရင် စာကြည့်မျက်မှန်သုံးဖို့ လိုတယ်လို့ ဒေါက်တာ ဒေါ်ခင်ဥမ္မာခိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ