ကျောက်မျက် ရန်ပုံငွေကိစ္စ အစီရင်ခံစာထွက်

gem myanmar ဓာတ်ပုံ မူပိုင် AFP
Image caption ကျောက်မျက် ပြပွဲ ရန်ပုံငွေ ကိစ္စ အငြင်းပွားနေ

အရင် အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း ရန်ပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စအတွက် ဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိချက် အစီရင် ခံစာ ထွက်လာပါပြီ ။

တိုင်တန်းသူတွေ အပါအဝင် ပတ်သက်သူ လို့ ယူဆရသူ စုစုပေါင်း ၁၉ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဆေးခဲ့ပြီး စုံစမ်းရေး ကော်မတီ အစီရင်ခံစာကို သယံဇာတ နဲ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဆီ ကို ဇွန် ၈ ရက်နေ့ က ပို့လိုက်ပြီ လို့ သိရပါတယ်။

အဲဒီစုံစမ်းရေး ကော်မတီ ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် epa
Image caption စွပ်စွဲခံရသူတွေ ဘက်က တုံ့ပြန် ရှင်းလင်းခဲ့
စုံစမ်း စစ်ဆေးရေး ကော်မတီ တွေ့ရှိခဲ့

ပြပွဲ ရန်ပုံငွေ ကို အသင်း ရန်ပုံငွေ အဖြစ် ကျောက်မျက် အသင်းဘက်က မှားယွင်း ယူဆနေပြီး သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်းကို ငွေပေးတယ် ဆိုတဲ့ မှတ်တမ်း မတွေ့ရကြောင်း စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။

Myanmar Art Center အတွက် ဒေါ်လာ တသန်းကို MFTB အကောင့်ထဲမှာ ထည့်ထားတာပဲ ရှိကြောင်း သူက ပြောပါတယ်။

အခုလို တွေ့ရှိချက်နဲ့ ပတ်သက်လို့ ကျောက်မျက် အသင်းချုပ်ကို ချပေးတဲ့ ပိုက်ဆံ သုံးစွဲတဲ့ အပိုင်းကို စစ်ဆေးသွားမယ်လို့ တိုင်တန်းသူတွေ ဘက်က ကျောက်မျက် အသင်း အမှု ဆောင် ဦးကျော်ကျော်ဦးက ပြောပါ တယ်။

အစိုးရ ဘက်ကတော့ ဒီကိစ္စ ကို ဘယ်လိုဆက်ပြီး ဆောင်ရွက် မယ် ဆိုတာ ရှင်းရှင်းလင်း ပြောတာ မရှိသေးပါ ဘူး ။

တကယ်တမ်း မဖြေရှင်း နိုင်သေးတာက ဒီကျောက်မျက် ရန်ပုံငွေ ကို ဘယ်သူက ပိုင်တယ်၊ ဘယ်သူက စီမံ ခန့်ခွဲခွင့် ရှိတယ် ဆိုတာ ဖြစ်ပါတယ် ။

စုံစမ်းရေး ကော်မတီ ဘက်က အပြောအရ ဒီငွေတွေ ကို ကျောက်မျက် အသင်းနဲ့ ကျောက်မျက်ပွဲ ကိစ္စ မဟုတ်တဲ့ တခြားခေါင်းစဉ်တွေနဲ့ အသုံးပြု ထားတာကို ကော်မတီက တွေ့ရှိခဲ့တယ် ဆိုနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ