ယူရို ၂၀၁၆ နဲ့ လုံခြုံရေး စိန်ခေါ်ချက်တွေ

  • 10 ဇွန် 2016
euro 2016 ဓာတ်ပုံ မူပိုင် Reuters
Image caption ယူရို ၂၀၁၆ ဒီနေ့ စပြီ

ပြင်သစ်မှာတော့ ယူရို ၂၀၁၆ ဘောလုံးပွဲမစခင်ကို လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေ နဲ့ရင်ဆိုင်နေရပါတယ်။

နိုင်ငံအနှံ့ အလုပ်သမားသပိတ် တွေ မှောက်နေကြကာ ပဲရစ် က အီဖယ် မျှော်စင်အောက်မှာဆိုရင် လည်း လူတွေက လေဟာပြင် ကဇာတ်ပွဲ တခု လုပ်နေကြပြီး တော့ အဲဒီမှာ လူ သောင်းနဲ့ချီ စုဝေး ရောက်ရှိနေကြပါတယ်။

ယူရို ဘောလုံးပွဲ ကာလမှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၉ သောင်း ကို ပြင်သစ် အစိုးရ က တာဝန်ချ ထားပါတယ်။

အစိုးရဝန်ကြီးတွေက အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေ ကို သပိတ်တွေ ကိုရပ်ဖို့ တောင်းဆိုထားပါတယ်။

သောကြာနေ့မှာ ယူရိုဘောလုံးပွဲ စဖွင့်မှာ ဖြစ်ပြီး မြန်မာစံတော်ချိန် စနေနေ့ မနက် ၁ နာရီခွဲမှာ အိမ်ရှင် ပြင်သစ်နဲ့ ရိုမေးနီးယား အသင်းတို့ စကန်ကြမှာပါ။