ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ခြံစည်းရိုး ဆက်ခတ်ဖို့ အစိုးရမှာ ဘတ်ဂျက်ရှိတယ်လို့ ဆို

  • 10 ဇွန် 2016
myanmar_bangladesh_fence
Image caption လက်ရှိ မိုင် ၁၃၀ ကာရံပြီး ဖြစ်။

မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ် တလျှောက် ကာရံနေတဲ့ ခြံစည်းရိုး အတွက် အစိုးရ ဘတ်ဂျက် ရှိနှင့်ပြီး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးရသူက ဆိုပါတယ်။

အရင်အစိုးရနဲ့ လွှတ်တော် လက်ထက် ကတည်းက ဒီ ခြံစည်းရိုး ခတ်တဲ့ စီမံကိန်းမှာ အသုံပြုဖို့ ကျပ်ငွေ သန်းပေါင်း ၅ ထောင့် ၅ရာ ကို အတည်ပြု နှင့်ပြီး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒီ စီမံကိန်းကို အစိုးရ အသုံးစားရိတ် မလုံလောက်လို့ ရပ်ထားမယ် ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ အပေါ် သမ္မတရုံး ပြောခွင့်ရသူက တုံ့ပြန် လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ နယ်စပ်တွေထဲ ပထဝီ နိုင်ငံရေး အခြေအနေ အရ အရေးကြီးတဲ့ နေရာ ဖြစ်လို့ အခုလို ခြံစည်းရိုး ခတ် နေရတာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။

စုစုပေါင်း ၁၆၄ မိုင် ရှည်လျားတဲ့ အနောက်ဘက် နယ်စပ် မှာ ၂၀၀၉ ခုနှစ်က စလို့ ခြံစည်းရိုး ခတ်လာတာ ဖြစ်ပြီး လက်ရှိ မိုင် ၁၃၀ ကာရံပြီး ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ