ပြည်သူတွေကို ပြန်ကြားနေတယ် ဆိုတဲ့ အသိနဲ့ မီဒီယာ မေးခွန်းတွေကို တုံ့ပြန်ဖို့လို

  • 10 ဇွန် 2016
ye_naing_moe ဓာတ်ပုံ မူပိုင် b
Image caption ရန်ကုန် သတင်းစာ ပညာကျောင်းက ဒါရိုက်တာ ဦးရဲနိုင်မိုး။

အစိုးရ ဝန်ကြီးဌာန အလိုက် ပြောရေး ဆိုခွင့် ရှိသူတွေ အနေနဲ့ သတင်း မီဒီယာ ဆက်ဆံရေး နဲ ပတ်သက်ပြီး ပိုပြီး အရည်အသွေးတွေ တက်လာအောင် ပြန်ကြားရေး ဝန်ကြီးဌာန ဘက်က ကြိုးပမ်း နေကြရာမှာ သတင်းသမားတွေ ကလည်း လိုအပ်တဲ့ အကြံတွေ ပြုပေး နေကြ ပါတယ်။

မီဒီယာ သမားတွေ မေးခွန်းမေးတာ ဟာ အစိုးရ အရာရှိနဲ့ မီဒီယာ အကြားသာ ရည်ရွယ်တဲ့ ကိစ္စမဟုတ်ပဲ ပြည်သူက မေးချင်မယ်လို့ ထင်တဲ့ မေးခွန်းတွေ ကို မီဒီယာ သမား က မေးပေးရတာ ဖြစ်ကြောင်း ၊ ဒါ့ကြောင့် အစိုးရ အရာရှိအနေနဲ့ ပြန်ဖြေတာတွေ ဟာ ပြည်သူကို ပြန်ဖြေ နေတယ်လို့ မှတ်ယူစေလို ကြောင်း ရှင်းပြ ခဲ့ရတယ်လို့ အစိုးရ ပြောရေးဆိုခွင့် ရှိသူတွေ အတွက် လုပ်တဲ့ မီဒီယာ ဆက်ဆံရေး အလုပ်ရုံ ဆွေးနွေးပွဲ တခု ကို သွားရောက် ဆွေးနွေး ပေးခဲ့တဲ့ ရန်ကုန် သတင်းစာ ပညာကျောင်းက ဒါရိုက်တာ ဦးရဲနိုင်မိုး က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ တချို့က မီဒီယာ ဟာ သူတို့ကို အကြပ်အတည်း ဖြစ်စေတဲ့ မေးခွန်းတွေ ပဲ မေးတယ်လို့ မြင်နေကြတယ် လို့ သူ က ပြောပါတယ်။

ပြောရေးဆိုခွင့် ရှိသူတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ထဲမှာ သတင်းအချက်အလက် တွေ ကို သက်ဆိုင်ရာ ဝန်ကြီးဌာန က ပေးမထားတာ၊ မီဒီယာ မှာ ပြောခွင့် ပြုထားပေမယ့် အထက် အရာရှိ က မကြိုက်တာ တွေ ကို ကြုံရတတ်တာ စတာ တွေလည်း ပါဝင်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ