အမ်းမြို့နယ်မှာ ရေကြီးနေ

  • 10 ဇွန် 2016
rakhine
Image caption ရခိုင်မှာ မိုးကြီးလေပြင်းတွေ ကျ

ရခိုင်ပြည်နယ်မှာ မိုးတွေ အဆက်မပြတ် ရွာသွန်းနေတဲ့ အတွက် အမ်းမြို့နယ်က အချို့ ကျေးရွာတွေမှာ ရေတက် လာသလို ကားလမ်းတွေလည်း အပိုင်းပိုင်း ကျိုးပြတ် သွားတာတွေ ဖြစ်ပေါ်နေပါတယ်။

အမ်းမြို့နယ် အိမ်ခြေ တထောင်ကျော် ရှိတဲ့ ရူးကျေးရွာမှာ ဒီရေမဝင်ရအောင် တားတဲ့ တာကျိုးပေါက် သွားတဲ့ အတွက် ရွာထဲကို ရေတွေ ဝင်လာနေတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရူးရွာနဲ့ တပ်တောင်ကို သွားတဲ့ ကားလမ်း တလျှောက်မှာရှိတဲ့ တံတားတွေ ကျိုးပျက် သွားတယ်လို့ အဲဒီ ဒေသကို ကိုယ်တိုင် သွားခဲ့တဲ့ အမ်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောပါတယ်။ မိုးဆက်တိုက် ရွာနေတဲ့ အတွက် ရေပိုမို တက်လာမှာကို အမ်း ဒေသခံတွေက စိုးရိမ် နေကြပါတယ်။

ရခိုင်ပြည်နယ် တခုလုံး နေတဲ့ အတွက် ခရီးသွားလာရေး ရပ်တန့်ထားရသလို စစ်တွေမှာ ယာဉ်အချို့ ခရီးစဉ် တောင် ရပ်နားခဲ့ရတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ