ဘီဘီစီ သတင်းထောက် အမှု အယူခံ တင်ဖို့ ပြင်နေပြီ

  • 13 ဇွန် 2016
bbc_myanmar_reporter_nay_lin
Image caption ပုဒ်မ ၃၃၂ နဲ့ ကိုနေလင်းကို ချမ်းမြသာစည် မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ် ထား။

မန္တလေး တရားရုံး တစ်ခု ကနေ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ဘီဘီစီ သတင်းထောက် ကိုနေလင်းကို ထောင်ဒဏ် ချမှတ် ခဲ့တဲ့ အမှုကို အယူခံဝင်ဖို့ သူ့ရဲ့ ရှေ့နေ အဖွဲ့ ပြင်ဆင် နေပါတယ်။

မန္တလေး ခရိုင် တရားရုံးကို လာမယ့် ဗုဒ္ဓဟူးနေ့ ဇွန်လ ၁၅ ရက်နေ့ကျရင် အယူခံ သွားတင်မယ် လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

တာဝန် ထမ်းဆောင်နေတဲ့ ရဲ ကို နာကျင်အောင် ပြုလုပ် ခဲ့မှု ပုဒ်မ ၃၃၂ နဲ့ ကိုနေလင်းကို ချမ်းမြသာစည် မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ် ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် မတ် လတုန်းက မန္တလေး မှာ ကျောင်းသား လှုပ်ရှားမှု တစ်ခုကို ရဲ တပ်ဖွဲ့က တားဆီး ရင်း ပေါ်ပေါက် ခဲ့တဲ့ အခြေအနေ အရှုပ် အထွေးတွေ ကြားထဲ ရဲ တစ်ဦး မျက်ခုံးကွဲ ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

ကိုနေလင်းဟာ နာကျင်စေလိုတဲ့ ကြံရွယ်ချက် နဲ့ ပြုမူ ခဲ့တာ မဟုတ်ပဲ မတော်တဆ ဖြစ်ခဲ့ တာကြောင့် ရရှိ ခဲ့တဲ့ ပြစ်ဒဏ်ဟာ ပြင်းထန် လွန်းတယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ