ရခိုင်အရေး တူရကီ စိုးရိမ်

  • 13 ဇွန် 2016
Turkish Minister and DASSK ဓာတ်ပုံ မူပိုင် AP
Image caption တူရကီ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ ခရီးစဉ်အတွင်း ရခိုင်သွားမယ်

မြန်မာ သမ္မတ သမ္မတ ဦးထင်ကျော် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ တွေ့ဆုံခဲ့တဲ့ တူရကီနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Mevlut Cavusoglu မဲဗလူ ချာဗူရှောလူက ရခိုင်ပြည်နယ် အတွင်းက ပြဿနာတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းထုတ်ဖော်ပြောလိုက်ပါတယ်။

ဒါ့အပြင်ရခိုင်ဒေသ အတွက် အခြေခံ လိုအပ်တဲ့ အကူအညီတွေကို ဆက်လက် ပေးသွားမှာ ဖြစ်ကြောင်းနဲ့ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီသွားမှာဖြစ်ကြောင်း ပြောပါတယ်။

အကူအညီပေးတဲ့အခါမှာလည်း အစိုးရ၊ ကုလသမဂ္ဂ၊ ပြည်တွင်းပြည်တွင်း အေဂျင်စီ၊ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်က ပြဿနာကို ပြီးပြတ်ပြေလည်အောင်ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းအားပေး သွားမယ် လို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကတော့ ရခိုင်ပြည်နယ်မှာ အခြေ အနေတွေ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နေကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးနဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကိစ္စအပြင် နှစ်နိုင်ငံ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေး၊ ပညာရေးကျန်း မာရေးနဲ့ အခြေခံအဆောက်အဦ ဆောက်လုပ်ရေး၊ ခရီးသွား လုပ်ငန်းကိစ္စ တို့ကိုလည်း ဆွေးနွေးခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ