သီပေါ စော်ဘွား ရုပ်ရှင် ရန်ကုန်မှာ ပိတ်

  • 15 ဇွန် 2016
human_right_
Image caption လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်

ရန်ကုန်မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ သီပေါ စော်ဘွားနဲ့ မဟာဒေဝီ အကြောင်း ရုပ်ရှင် ကို ပြသခွင့် ရုပ်ရှင် ဆင်ဆာ အဖွဲ့က ခွင့်မပြု ခဲ့ပါဘူး။

"Twilight Over Burma"ရုပ်ရှင်ကားဟာ ၁၉၆ဝ ကျော် ရှမ်းပြည်နယ်က သီပေါ စော်ဘွားနဲ့ သြစတြီးယား အမျိုးသမီး မဟာဒေဝီ တို့ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ တပ်မတော် ရဲ့ ပုံရိပ်ကို ထိခိုက်စေတာမို့ ပြသခွင့် မပြုနိုင်ကြောင်း ရုပ်ရှင်ပွဲတော် တက်ရောက် လာသူတွေကို ပြောကြားခဲ့ပါတယ်။

၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းပြီးနောက် သီပေါ စော်ဘွား စဝ်ကြာဆိုင် အထိန်းသိမ်း ခံရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။

ခင်ပွန်းသည် ဘယ်ရောက်နေသလဲ နိုင်ငံခြားသူ မဟာဒေဝီက လိုက်လံ စုံစမ်းပေမယ့် ခုထိ သိခွင့်မရပါဘူး။

ဒီအဖြစ်အပျက်ကို မဟာဒေဝီက စာအုပ်ရေးသားခဲ့ပြီး အဲဒီ စာအုပ်ကို အခြေခံ ရုပ်ရှင် ရိုက်ကူးတာပါ။

သူတို့ ၂ ယောက်ရဲ့ ကြေကွဲဖွယ် အချစ် ဇာတ်လမ်းကို ဖတ်ပြီး သီပေါ မြို့ကို ကမ္ဘာလှည့် ခရီးသည်တွေ အလာများပါတယ်။

အခုလို ရုပ်ရှင်ကို ခွင့်မပြုတာဟာ စာပေ စိစစ် ဖြတ်တောက်တာတွေ ကို မြန်မာပြည်မှာ ရပ်စဲ ပေးလိုက် ပေမယ့် ရုပ်ရှင် လောကမှာ ဆက်ပြီး စိစစ်မှုတွေ ရှိနေသေးတာကို ဖော်ပြ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ