မွန်ဂိုလီးယား သမ္မတ မြန်မာကိုရောက်ရှိ

ဓာတ်ပုံ မူပိုင် epa
Image caption ဒေါ်အောင်ဆန်းစုကြည်က နေ့လည်စာ နဲ့ ဧည့်ခံ ဖို့ ရှိပါတယ်

မြန်မာ နိုင်ငံကို ရောက်ရှိ နေတဲ့ မွန်ဂိုလီးယား သမ္မတ အဲလ်ဘတ်တောစ်ရှ်နဲ့ အဖွဲ့ဟာ ဗုဒ္ဓဟူး နေ့မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် ကုန်သည် စက်မူ အသင်းချုပ်က တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

တရုတ်နဲ့ ရုရှား အင်အားကြီး နှစ်နိုင်ငံ ကြားမှာ တည်ရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံငယ် မွန်ဂိုလီးယား ဟာ မြန်မာ နိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ထူထောင် ခဲ့တဲ့ နှစ် ၆၀ ပြည့် တဲ့ နှစ်မှာပဲ မွန်ဂိုလီးယား သမ္မတဟာ အလုပ် သဘော လာရောက်တာ လည်း ဖြစ်ပါတယ်။

မနက်ပိုင်း မှာတော့ မွန်ဂိုလီးယား သမ္မတ နဲ့ အဖွဲ့ဟာ ကုန်သည် စက်မူ အသင်းချုပ်က တာဝန်ရှိ သူတွေ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

မွန်ဂိုလီးယား နိုင်ငံဟာ အင်အားကြီး ၂ နိုင်ငံ နဲ့ အဆင်ပြေအောင် တည်ဆောက် ရကြောင်း၊ အဂတိ လိုက်စားမှုတွေ နည်းအောင် လုပ်ကိုင် နိုင်တဲ့ အတွက် အမေရိကန် နဲ့ ဥရောပ က အရေးပါတဲ့ စီမံကိန်း တွေကို ရရှိကြောင်း သမ္မတ က ပြောသွားခဲ့ တယ်လို့ ဆွေးနွေးပွဲကို တက်ရောက် ခဲ့တဲ့ မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောပါတယ်။

စီးပွါးရေး ကဏ္ဍ အနေ နဲ့တော့ နှစ်နိုင်ငံကြား ခရီးသွား လုပ်ငန်း သတ္တု တူးဖော်ရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်း တွေမှာ ပူပေါင်း ဆောင်ရွက်ဖို့ ယေဘုယျ သဘော တူခဲ့ပြီး ဆက်လက် ဆောင်ရွက် နိုင်ဖို့ နားလည်မူ စာခွန်လွှာ လက်မှတ် ထိုးခဲ့ ပါတယ်။

နေ့လည်ပိုင်း မှာတော့ သမ္မတ ဦးထင်ကျော် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံတဲ့ အခါ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အမျိုးသား ပြန်လည် သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စ တို့ကို ဆွေးနွေး ခဲ့ကြ တယ်လို့ သမ္မတရုံး ဝန်ကြီး ဌါန ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတ နှစ်ဦး တွေ့ဆုံ အပြီး မှာတော့ နှစ်နိုင်ငံ ယဉ်ကျေးမူ ဖလှယ်ရေး နားလည်မူ စာချွန် လွှာကို လက်မှတ် ရေးထိုး ခဲ့ကြ ပါတယ်။

ကြာသပတေး နေ့မှာတော့ မွန်ဂိုလီးယား သမ္မတ နဲ့ အစိုးရ ဝန်ထမ်းတွေ တွေ့ဆုံဖို့ ရှိပြီး နေ့လယ်ပိုင်း မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နေ့လည် စာနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ