အများပြည်သူပိုင်တဲ့ ပန်းခြံ ကစားတွင်းတွေကို အစိုးရက ပြည်သူကိုပြန်ပေး

  • 16 ဇွန် 2016
မြို့တော်ခန်းမနဲ့ပန်းခြံ ဓာတ်ပုံ မူပိုင် ycdc
Image caption မြို့တော်ခန်းမနဲ့ပန်းခြံ

ရန်ကုန်တိုင်း ဒေသကြီးအတွင်းက အများပြည်သူပိုင် နေရာတွေ ဖြစ်တဲ့ ပန်းခြံ၊ အားကစားကွင်း၊ စတဲ့နေရာတွေမှာ အစိုးရဌာနပိုင် အဆောက်အဦးတွေ ဆောက်လုပ်နေတာ၊ ရောင်းချ၊ ဌားရမ်းတွေ တွေကို ရပ်တန့်ဖို့နဲ့ အများပြည်သူတွေ ပြန်လည် ပိုင်ဆိုင်နိုင်ရေး တိုက်တွန်းတဲ့အဆိုကို သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ကိုနေဘုန်းလတ်ကနေ တိုင်းဒေသ ကြီးလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦးက ထောက်ခံ ဆွေးနွေးပြီး လွှတ်တော်ကိုယ်စားလှယ် အများစုရဲ့ ထောက်ခံမှုနဲ့ တိုင်းလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

အများပြည်သူပိုင် နေရာတွေ က ရောင်းချထားပြီးသားနေရာတွေ ဆောက်လုပ်ပြီးသား အဆောက်အဦးတွေ နဲ့ ပတ်သက်လို့ တော့ တတ်နိုင်သမျှ ပြန်လည်ဖေါ်ထုတ်ပြီး ပြည်သူပိုင်ဖြစ်အောင် ပြန်လုပ်ပေးဖို့ လွှတ်တော်ကတောင်းဆိုသလို အစိုးရကလည်း ကော်မတီဖွဲ့ ဆောင်ရွက်ဖို့လိုတယ်လို့ ကိုနေဘုန်းလတ်ကပြောပါတယ်။

ဒီအဆိုကို ရန်ကုန်တိုင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက တော့ ဒီကိစ္စဟာတွေဟာ စည်ပင် တခုထဲ လုပ်ဆောင်နိုင်တာ မဟုတ်ဘဲ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေလည်း လိုအပ်တာကြောင့် အတည်မပြုဘဲ အဆိုကို မှတ်တမ်း အဖြစ်ဘဲ ထားရှိပေးဖို့ ပြန်လည်ဖြေကြားခဲ့ ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား ကိုယ်စားလှယ် အပါအဝင် အမတ်အားလုံးနီးပါးက မတ်တပ်ရပ်ပြီး အဆိုကို ထောက်ခံကြောင်း ပြခဲ့တယ်။

အခု လွှတ်တော်က အတည်ပြုတဲ့အတွက် ရန်ကုန်တိုင်း အစိုးရအနေနဲ့ ဒါကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင် ရတော့မှာ ဖြစ်ပါတယ်။