အေအေနဲ့ ဆက်လို့ ထောင်ချခံရ

  • 17 ဇွန် 2016
rakhine ဓာတ်ပုံ မူပိုင် epa
Image caption ပြည်တွင်းစစ် ရပ်စဲရေး စစ်တွေမှာ ဆန္ဒပြ

ကချင်မှာ ရှိတဲ့ ရက္ခိုင့်တပ်မတော် အေအေ မှာ သင်တန်းတက်ပြီး အိမ်ပြန်လာသူတွေ၊ အေအေမှာ ပါဝင်ခဲ့တဲ့သူတွေ၊ ပြည်တွင်းကနေပြီး ကူညီ ဆောင်ရွက် နေသူတွေ အဖြစ် ဖမ်းဆီးခံရတဲ့ ရခိုင်လူငယ် ၁၃ ဦးကို စစ်တွေ မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်သုံးနှစ်စီ ချမှတ်လိုက် ပါတယ်။

ဒီအမှုရဲ့ ထူးခြားချက်က ထောင်ချခံရတဲ့ သူတွေက အပြစ်ကို ဝန်ခံပြီး ဖြစ်လို့ ထပ်မံ အယူခံပိုင်ခွင့် မရှိတော့ဘူးလို့ သိရပါတယ်။

သူတို့တွေကို ဒီနှစ် ဇန်နဝါရီလ အတွင်းက ရခိုင်ပြည်နယ် မြို့နယ် အနှံ့က တကွဲ တပြားစီ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အမှုစီရင်တဲ့ အခါ ကျတော့ အားလုံးကို တပေါင်းတည်း အမှုတွဲ တခုတည်းနဲ့ ထောင်ချ ခဲ့တာ ဖြစ်ပါတယ်။ ထောင်ချခံရတဲ့ မောင်ဟန်စိုးရဲ့ ဖခင် ဦးကျော်ဇံဝေ က ပုဒ်မ ၁၇ (၁) နဲ့ ထောင်သုံးနှစ်ချတဲ့ အပေါ် တရားတယ်လို့ ပြောဆိုပါတယ်။

ဒါပေမဲ့ ရက္ခိုင့်တပ်မတော် အေအေကို အစိုးရက မတရားအသင်း အဖြစ် မကြေညာသေးတာကြောင့် မတရားအသင်း ပုဒ်မ နဲ့ ထောင်ချတာ ဟာ ဥပဒေ အကြောင်းအရ မခိုင်လုံဘူးဆိုပြီး စစ်တွေမှာ စောဒက တက်နေသူတွေ လည်း ရှိပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ