ရန်ကုန်မြို့ ပြ စီမံကိန်း ပြင်သစ် ကူညီမယ်

  • 17 ဇွန် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန်မြို့ပြဖွံဖြိုးမှုစီမံကိန်းမှာ ကူညီဖို့ လည်း ရှိ

ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ယူရိုသန်း(၂၀၀) အကူအညီမယ်လို့ ပြင်သစ်နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး ယန်း မာ့ခ် အေရူး က မြန်မာနိုင်ငံ ခရီးစဉ်အတွင်းပြောလိုက်ပါတယ်။

အဲဒီထဲမှာ တစ်စိတ်တစ်ပိုင်း အနေနဲ့ ရန်ကုန်မြို့ပြဖွံဖြိုးမှုစီမံကိန်းမှာ ကူညီဖို့ လည်း ရှိပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရ ဝန်ကြီးတွေနဲ့ တွေ့ဖို့ရှိနေပြီး ရန်ကုန်မြို့ရဲ့ မြို့ပြ ဖွံဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးကြမှာပါ။

ရန်ကုန်မြို့ရဲ့ လမ်းပန်းဆက်သွယ်ရေး စနစ်၊ ရေပေးဝေရေးစနစ် တွေအပြင် မြို့လယ်ခေါင်မှာရှိတဲ့ ဝန်ကြီးများရုံးအပါအဝင် ရှေးဟောင်း သမိုင်းအမွေအနှစ် အဆောက်အဦးတွေ စနစ်တကျ ထိန်းသိမ်းဖို့ ရာမှာ ပြင်သစ်နိုင်ငံရဲ့ အကူအညီတွေရယူနိုင်ဖို့ အဓိက ဆွေးနွေးနိုင်တယ်လို့ ရန်ကုန်တိုင်းအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

ပြင်သစ် ရဲ့ မီးရထား စနစ် က ဥရောပ မှာ အတော်လေး နာမည်ကြီးပြီး ရန်ကုန်ရဲ့ မြို့ပတ် ရထား လမ်းကို အကူအညီ ပေးနိုင်ရင် လမ်းပိတ်တဲ့ ကိစ္စ ပြေလည် နိုင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ မိုးရွာလို့ ရေကြီးတဲ့ ကိစ္စတွေကို ကူညီပေးဖို့ မျှော်လင့်ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာ ကျော်လတ် က ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ ပြည်ရဲ့ မြို့ကြီးပြကြီးတွေ အထူးသဖြင့် ရန်ကုန်မြို့ကို ကူညီချင်ပြီး ပြင်သစ်မှာရှိတဲ့ ပါရီ မြို့တော်ဝန်ရုံးဟာ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင် ကူညီဖို့ အသင့်ရှိတယ်လို့ ပြောထားပါတယ်။

ရန်ကုန်မြို့ပြဖွံဖြိုးတိုးတက်ရေးမှာ ပြင်သစ်အစိုးရဆီကနေ ထိရောက်တဲ့အကူအညီတွေရဖို့လိုတယ်လို့ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ဆိုပါတယ်။

လောလောဆယ် ရန်ကုန်မြို့အနေထားက ပြုပြင်ပြောင်းလဲဖို့တွေအများကြီးရှိနေပြီး လျှပ်စစ်မီးပုံမှန်ရဖို့၊ ကားလမ်း ကျပ်တည်းမှုကို ဖြေရှင်းဖို့ ကျူးကျော်ပြဿနာ လို ကိစ္စတွေရှိနေပါတယ်။

အခု ပြင်သစ်အစိုးရက ကူညီမယ်ဆိုပေမယ့် ရန်ကုန်မြို့ဖွံဖြိုးတိုးတက်ရေးကိစ္စမှာ စနစ်တကျ လေ့လာမှုတွေ နဲ့ ထိန်းသိမ်းဆောင်ရွက်ဖို့တွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ