နိုင်ငံသားစိစစ်ခံရမယ့်သူတွေအတွက်စစ်ဆေးရေးအဖွဲ့တွေဖွဲ့

  • 18 ဇွန် 2016
ဓာတ်ပုံ မူပိုင် epa
Image caption နိုင်ငံသားစိစစ်ရေးဟာ ရခိုင်ပြည်နယ်ရဲ့ အဓိက ပြဿနာတခုပါ။

ရခိုင်ပြည်နယ် အတွင်း NVC (National Verification Card) လို့ခေါ်တဲ့ နိုင်ငံသား စိစစ်ခံရမယ့် လူတွေရဲ့ သက်သေခံ ကတ်တွေကို နိုင်ငံသား ပေး မပေး စစ်ဆေးဖို့ အခု အခါ ပြည်နယ် အဆင့် နဲ့ မြို့နယ် အဆင့် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကိုဖွဲ့စည်းလိုက်ပြီလို့ အာဏာပိုင် တွေက ဘီဘီစီကို ပြောပါတယ်။

မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ NVC သက်သေခံ ကတ် ထုတ်ပေးနေတာတွေ ဆောင်ရွက်ပြီးစီးသွားပြီလို့ သိရပါတယ်။

အဲဒီ NVC ကတ်ရထား တဲ့သူတွေကို နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ ဟုတ်မဟုတ်ကို ရစစ်ဆေးနိုင်ရေး အတွက် စုံစမ်းရေး အဖွဲ့တွေကို အခုအခါ ခိုင်ပြည်နယ် အတွင်း ပြည်နယ်နဲ့ မြို့နယ် အဆင့်တွေမှာ ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။

ပြည်နယ်အဆင့် အဖွဲ့ မှာ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီး ထိန်လင်းက ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ပြည်နယ် ညွှန်ကြားရေးမှူးက အတွင့် ရေးမှူးအဖြစ် ဆောင်ရွက် တယ်လို့ ရခိုင်ပြည်နယ် အစိုးရပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးမင်းအောင် ပြောပါတယ်။

မြို့နယ် အဆင့်တွေမှာ မြို့နယ် အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ ဖြစ်ပြီး တစ်ခြား လူအများ ရိုသေလေးစားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်း လေးဦးကို အဖွဲ့ဝင်တွေ နဲ့ အဖွဲ့ဝင်တွေ အနေနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

NVC လို့ခေါ်တဲ့ နိုင်ငံသား စိစစ်ခံရမည့် သူ ပုဂ္ဂိုလ်တွေရဲ့ သက်သေခံ ကတ်တွေကို မြို့နယ် အဆင့် ပြည်နယ် အဆင့် စစ်ဆေးပီးရင်ဗဟိုကို တင်ရမှာ ဖြစ်ပြီး နိုင်ငံသား (သို့မဟုတ်) ပြုနိုင်ငံသား ဖြစ်ခွင့်ကိုတော့ ဗဟိုကနေ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

အခု အသစ်ဖွဲ့လိုက်တဲ့ မြို့နယ် ကော်မတီတွေထဲမှာ ယခင်က ပါဝင်ခဲ့တဲ့ မြို့မိမြို့ဖ နှစ်ဦးစီ ကို တော့ ဆက်လက်ထည့်သွင်း ထားတာမတွေ့ရ ပါဘူး။