ကမ္ဘာ တစ်ဝှမ်းမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျင်းပ

  • 19 ဇွန် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption နော်ဝေ နိုင်ငံ ဖရိုလန် မြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် ပုံတူရုပ်တု ဖွင့်ပွဲ အခမ်းအနား ကို ကျင်းပ ခဲ့

ဇွန်လ (၁၉) ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၁) နှစ်ပြည့် မွေးနေ့ကို မြန်မာနိုင်ငံအနှံ့ မှာ အထိမ်းအမှတ် ဆုတောင်းပွဲ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၁)နှစ် ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲတွေကို ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ကျင်းပခဲ့ကြသ လို ရန်ကုန် မြို့ ရွှေဂုံတိုင်မှာ ရှိတဲ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ရုံး မှာလည်းကျင်းပခဲ့ပြီး တိုင်းဒေသကြီး အစိုးရဖွဲ ဝင်တွေ၊ အနုပညာရှင်တွေနဲ့ ပါတီ ဝင်တွေတက်ရောက်ခဲ့ ကြပါတယ်။

ပါတီရဲ့ ၆ ထပ် ရုံးချုပ် အဆောတ်အုံ သစ်ကို လည်းဖွင့်လှစ်ခဲ့တဲ့ အပြင် နေ့လယ်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်း လူလူငယ် ၅၀၀ က မွေးနေ့အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းမှုကို ရန်ကုန်ဆေးရုံကြီး အမျိုးသား သွေးဌာန မှာ ပြုလုပ်ခဲ့ ကြပါတယ်။

မန္တလေးမှာလည်း မွေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ဓာတ်ပုံပြပွဲ ဖွင့်ပွဲ၊ မွေးနေ့ အထိမ်းအမှတ်ပွဲနှင့် ဖျော်ဖြေပွဲတွေ ကိုကျင်းပကြသလို မကွေး၊ ရှမ်း၊ ကယား အပါဝင် နိုင်ငံ အနှံ့မှာလည်း မွေးနေ့အထိမ်းမှတ်ပွဲ တွေ သစ်ပင်စိုက်ပွဲတွေကျင်းပကြပါ တယ်။

စစ်ကိုင်းတိုင်းမှာတော့ မွေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပွဲ တွေကျင်းပခဲ့ ကြပါတယ်။ စစ်ကိုင်းတိုင်း ကလေး မြို့မှာ အစိုးရ ဌာနဆိုင်ရာတွေ၊ အရပ်ဖက် အဖွဲစည်း တွေအပြင်အ ခြားပါတီတွေကလည်း သစ်ပင်စိုက်ပွဲ ကိုတက်ရောက်ခဲ့ ကြပါတယ်။

ကလေးမြို့မှာကျင်းပခဲပုံနဲ ပတ်သတ်လို့ အရင်နှစ်တွေတုန်း က ပါတီဝင်တွေသာ ကျင်းပခဲ့ရာက ဒီနှစ်မှာတော့ ဌာန ဆိုင်ရာတွေပါ မွေးနေ့ပွဲ ကို ထူးထူးခြားခြား ပါဝင် ကျင်းပ ခဲ့ကြတယ်လို့ စစ်ကိုင်းတိုင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နေပြည်တော်က နှင်းဆီစံအိမ်မှာ ရှိနေပြီး မိတ်ဆွေအချို့နဲ့ အကျဉ်းရုံးကျင်းပခဲ့ပါတယ်။

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဖြစ်ရုံသာမက နိုင်ငံ တကာ က အသိမှတ်ပြုတဲ့ ခေါင်းဆောင် တစ်ဦးလည်းဖြစ်တာကြောင့် ထက်မြက်မှု နဲ့ ခေါင်းဆောင်မှု အရည်အချင်းကို အသုံးပြုပြီး ပြည်တွင်း ငြိမ်းချမ်းရေး ကို အကောင်းဆုံး ကိုင်တွယ် သွားနိုင်ဖို့ မျှော်လင့်ကြောင်း ရှမ်းနီ တိုင်းရင်းသူ မအိညို က ပြောပါတယ်။

မန္တလေး မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ပွဲကို ၃ ရက်အကြာ ကျင်းပမှာဖြစ်ပြီး ပန်းချီ၊ ဓာတ်ပုံပြပွဲအပြင် မြို့မနဲ့ ခွပ်ဒေါင်းကြယ်ဖြူ အငြိမ့်အဖွဲ့တွေရဲ့ ဖျော်ဖြေပွဲတွေလည်း ပါဝင် ဖို့ရှိတယ်လို့ သိရပါတယ်။

နော်ဝေ နိုင်ငံ ဖရိုလန် မြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် ပုံတူရုပ်တု ဖွင့်ပွဲ အခမ်းအနား ကို ကျင်းပ ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖရိုလန် မြို့က ပန်းခြံ တစ်ခု ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ပန်းခြံ အဖြစ် အမည်ပေး ဖွင့်လှစ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ