ပန်ဒါ စက်ရုံ အလုပ်သမား တွေ ထပ်မံ ဆန္ဒပြ

  • 21 ဇွန် 2016
Image caption ပန်ဒါ ချည်မျှင် အချောကိုင် စက်ရုံမှာ အလုပ်သမား ၆၀၀ လောက် ထပ်ပြီး ဆန္ဒပြ

ဇွန်လ ၂၁ ရက်နေ့က ပန်ဒါ ချည်မျှင် အချောကိုင် စက်ရုံမှာ အလုပ်သမား ၆၀၀ လောက် ထပ်ပြီး ဆန္ဒပြကြပြန်ပါတယ်။

အလုပ်ချိန်တိုးတာကို မကျေနပ်လို့ ရက်သတ္တ သုံးပတ်လောက် စခန်းချပြီး ဆန္ဒပြနေကြရာ ကနေ ၂၁ ရက်နေ့မှာတော့ စီတန်းလှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

ပန်ဒါ ကုမ္ပဏီ အနေနဲ့ လက်ရှိ အလုပ်သမား ဥပဒေ တွေကို လေးစား လိုက်နာခြင်း မရှိတာတွေ၊ အလုပ်သမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုလည်း ချိုးဖောက် ခဲ့တဲ့ အတွက် အမြန်ဆုံး ဖြေရှင်း ပေးဖို့ ငြိမ်းစုစီ နဲ့ လှည့်လည် ခဲ့တာ ဖြစ်တယ်လို့ အလုပ်သမား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ မဇာခြည်ဝင်း က ပြောပါတယ်။

ဇွန်လ ၃ ရက်နေ့ကစပြီး အလုပ်သမားတွေရဲ့ လစာငွေတွေကို ဖြတ်တောက်မှုတွေရှိနေပြီး အလုပ်သမားအချို့ကိုလည်း အလုပ်ကနေ ထုတ်ပယ်တာတွေရှိနေတာကြောင့် အရေးယူပေးဖို့ အလုပ်သမားတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက် နေတဲ့ ကုမ္ပဏီ ကို စက်မှု ဝန်ကြီး ဌာန အနေနဲ့ အရေးယူပေးဖို့ ကိုလည်း အလုပ်သမားတွေ ဘက်က တောင်းဆို ခဲ့ပါတယ်။

စက်မှု ဝန်ကြီး ဌာန နဲ့ ပန်ဒါ ကုမ္ပဏီတို့ အကြား သဘောတူညီ ခဲ့တဲ့ မူလ စာချုပ်ပါ အချက်တွေကို လေးစား လိုက်နာမှာ သာ လက်ရှိ တောင်းဆို နေမှုတွေကို ရပ်နား မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပန်ဒါ စက်ရုံစာ အရင်တုန်း က စက်မှု ဝန်ကြီး ဌာန က ပိုင်ဆိုင်တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ပန်ဒါ ကုမ္ပဏီထံ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

အရင် လုပ်ကိုင်ခဲ့တဲ့ အစိုးရ ဝန်ထမ်းတွေကိုလည်း ပန်ဒါကုမ္ပဏီထံ လွှဲပြောင်း ပေးခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ