မွတ်စလင် ဒုက္ခသည်တွေကို နိုင်ငံသား စိစစ်ခံယူရမယ့်သူ တွေရဲ့သက်သေခံကဒ် ထုတ်ပေး

  • 21 ဇွန် 2016
ရိုဟင်ဂျာဒုက္ခသည်များ ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုဟင်ဂျာဒုက္ခသည်များ

ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးက အကောင်အထည်ဖေါ်ဆောင်ရွက်ပေးနေတဲ့ ၁၉၈၂ခုနှစ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေအရ NVC လို့ခေါ်တဲ့ နိုင်ငံသား စိစစ်ခံရမယ့် သူတွေရဲ့ သက်သေခံ ကဒ်ပြား တွေကို စစ်တွေရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေမှာ ဒီကနေ့ စတင်ထုတ်ပေးပါတယ်။

ဒီကဒ်ရဲ့အဆင့်ဟာ နိုင်ငံသား ဟုတ်မဟုတ် စိစစ်နိုင်တဲ့အ ခွင့်အရေးရတဲ့အတွက် တရားဝင် နေထိုင်လို့ရကြောင်း နိုင်ငံသား စိစစ်ပြီး မရရှိပါကလည်း ဧည့်နိုင်သားလို အဆင့်အတန်းမျိုး ရရှိနိုင်ကြောင်း ဒီကဒ်မှာ လူမျိုးကိုးကွယ်တဲ့ ဘာသာနဲ့ ကဒ်ပြားသက်တမ်းဖေါ်ပြ မထားကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဉီးစီးဌာနက အမြဲတန်း အတွင်းဝန် ဉီးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဒီကဒ်ပြားအပေါ် မွတ်စလင် တွေဘက်က အယုံအကြည် သိပ်မရှိလို့ လာရောက်ထုတ်ယူသူ နည်းတယ်လို့ သက္ကယ်ပြင် ကျေးရွာ စခန်းက ဒုက္ခသည် တဉီးက ဘီဘီစီကို ပြောပါတယ်။

အခုစီမံချက်ကို အစိုးရသစ်ရဲ့ ရက်၁၀၀ စီမံကိန်းအရ ဆောင်ရွက်နေတာဖြစ်ပြီးတော့ နိုင်ငံသားဖြစ်မှု လျှောက်ထား သူတွေဘက်က ပူးပေါင်းပါဝင်ရင် ပိုပြီး မြန်ဆန်မယ်လို့ အစိုးရ ဘက်ကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ်ယန်ဟီလီး စခန်းတွေကို လာရောက်ဖို့ ရှိတဲ့အတွက် တွေ့ဆုံခွင့်ရရင် ဒီကဒ်ပြားတွေကို လက်မခံနိုင်ကြောင်း ဒုက္ခသည်တွေဘက်က တင်ပြသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ