မစ္စယန်ဟီးလီ ကချင်ပြည်နယ် ရောက်ရှိ

  • 24 ဇွန် 2016
ဓာတ်ပုံ မူပိုင် AP
Image caption မောင်ဂွမ်ဆိုင်းအောင် အမှုနဲ့ပတ်သက်ပြီး ကူညီပေး နေတဲ့ သူတွေနဲ့လည်း တွေ့ဆုံခဲ့

မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ဟာ မြစ်ကြီးနားကို ရောက်ရှိခဲ့ပြီး မြို့အနီးက ဒုက္ခသည် စခန်း တွေကို သွားရောက် ခဲ့သလို၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှား သူတွေ နဲ့ လည်း တွေ့ဆုံ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း က သေနတ်မှန် သေဆုံး ခဲ့တဲ့ တက္ကသိုလ် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် အမှုနဲ့ပတ်သက်ပြီး ကူညီပေး နေတဲ့ သူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဖားကန့်ဒေသ ကျောက်တူးဖော်ရေး လုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေ နဲ့ ပတ်သက်လို့ ဒေသခံ အချို့နဲ့လည်း တွေ့ဆုံ ခဲ့ပြီး ဥပဒေ စည်းမျဉ်းစည်းကမ်း တွေ မရှိသေးတဲ့ အချိန်မှာ ကျောက်တူး တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်း ထားသင့်တယ်လို့ မစ္စ ယန်ဟီးလီ က ပြောပါတယ်။

ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ မကောင်းဘဲနဲ့ ဆက်လုပ်ရင် နိုင်ငံ အတွက်လည်း အကျိုးမရှိ၊ ပြည်သူတွေ အတွက်လည်း အကျိုး မရှိဘူးလို့ ပြောခဲ့ကြောင်း မစ္စ ယန်ဟီးလီ နဲ့ တွေ့ဆုံ ခဲ့တဲ့ HI အဖွဲ့က ကိုဘူရန် က ပြောပါတယ်။

သေနတ်မှန် သေဆုံး ခဲ့တဲ့ ကျောင်းသေား မောင်ဂွမ်ဆိုင်းအောင် ကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် အစိုးရ ကို တင်ပြ ပေးသွားမယ်လို့ မစ္စ ယန်ဟီးလီ ကပြောပါတယ်။

မစ္စယန်ဟီးလီ အနေနဲ့ KIA ဌာနချုပ် ရှိရာ လိုင်ဇာ ကို သွားရောက်ချင်ပေမယ် သက်ဆိုင်ရာက ခွင့်မပြု ခဲ့တဲ့ အတွက် မသွားရောက်ခဲ့ရဘူးလို့ သိရပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှာတော့ ရှမ်းပြည်နယ် လားရှိုးမြို့ကို သွားရောက်ဖို့ အစီအစဉ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ