ရခိုင်မှာ လူထုလက်မှတ် ကောက်ခံတဲ့ လှုပ်ရှားမှု စတင်

Image caption သဘာဝ ရင်းမြစ်တွေနဲ့ စိုက်ပျိုးမြေတွေကို ဒေသခံတွေ ကိုယ်တိုင် စီမံ ဆုံးဖြတ်ခွင့် ရရှိရေး လှုပ်ရှားလာ။

ရခိုင်ပြည်နယ်ထဲ က သဘာဝ ရင်းမြစ်တွေနဲ့ စိုက်ပျိုးမြေတွေကို ဒေသခံတွေနဲ့ လယ်သမားတွေ ကိုယ်တိုင် စီမံ ဆုံးဖြတ်ခွင့် ရရှိရေး လှုပ်ရှားမှု တစ်ရပ် ပေါ်ပေါက် လာပါတယ်။

ရခိုင်ပြည်နယ် တလွှားမှာ လက်မှတ် တွေ ကောက်ခံပြီး ပြည်နယ် လွှတ်တော်က တဆင့် ပြည်ထောင်စု လွှတ်တော် ထိ တင်သွင်း သွားမှာ ဖြစ်တယ်လို့ ဦးဆောင် လှုပ်ရှားသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လက်မှတ် ၃ သိန်း ရရှိဖို့ ရည်မှန်းချက် ထား လုပ်ဆောင်မယ့် အဲဒီ့ လှုပ်ရှားမှု ပြုလုပ်ဖို့ အခု လဆန်းပိုင်းက စစ်တွေမှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ ဆွေးနွေးပွဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော် အမတ်တွေနဲ့ လူမှုရေး တက်ကြွ လှုပ်ရှားသူတွေ ပူးပေါင်း ပါဝင် ခဲ့ပါတယ်။

သယံဇာတ ခွဲဝေ သုံးစွဲရေးနဲ့ ပတ်သက်ပြီး လက်ရှိ ဖွဲ့စည်းပုံ အရ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တွေက အာဏာပိုင် အဖွဲ့တွေ ကန့်သတ် ခံနေရတယ် ဆိုပြီး မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် ဘာမှ ထူးမှာ မဟုတ်ဘူး လို့လည်း ဦးဖေသန်းက မှတ်ချက် ချပေမယ့်၊ အခုလို လူထု လှုပ်ရှားမှု မျိုးဟာ ဥပဒေပြု အာဏာပိုင်တွေ၊ အုပ်ချုပ်ရေး အာဏာပိုင်တွေ အပေါ် တွန်းအား ဖြစ်စေ နိုင်တယ် လို့လည်း ဦးဖေသန်းက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ