လူကုန်ကူးမှု အဆိုးရွားဆုံး ဖြစ်နေတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာကို အမေရိကန် ထည့်သွင်း

_thai_fishing_boat
Image caption ထိုင်း နိုင်ငံထဲ အဖမ်းခံခဲ့ရတဲ့ မြန်မာ လူမှောင်ခို ဂိုဏ်း။

လူမှောင်ခိုကူးမှု အဆိုးရွားဆုံး ကျူးလွန်နေတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာနိုင်ငံကိုပါ ထည့်သွင်း သတ်မှတ်ဖို့ အမေရိကန်က ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ့လို မြန်မာ နိုင်ငံကို အဆင့်တန်း လျှော့ သတ်မှတ်ထားတာကို ဖော်ပြထားတဲ့ လူမှောင်ခို ဆိုင်ရာ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာဟာ လာမယ့် ကြာသပတေးနေ့မှာ ထုတ်ပြန် လာဖို့ ရှိနေပါတယ်။

လူမှောင်ခို အန္တရာယ် အတွက် စောင့်ကြည့်သင့်တဲ့ နိုင်ငံတွေ ကို အဆင့် ၁၊ ၂၊ ၃ ဆိုပြီး အမေရိကန် အစိုးရက ခွဲခြား ထားတာမှာ၊ မြန်မာနိုင်ငံကို အဆင့် ၂ ကနေ ၃ ထဲကို ထည့်လိုက်တာပါ။

ဒါဟာ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား တို့နဲ့ တတန်းစားထဲ သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကလေး စစ်သား စုဆောင်းတာတွေ၊ အဓမ္မ လုပ်အား ခိုင်းစေတာတွေကို ပိုပြီး လျှော့ချ ဖို့ အစိုးရသစ် နဲ့တကွ အာဏာ လွှမ်းမိုး ထားနိုင်ဆဲ စစ်တပ်တို့ကို သတိ ပေးချင်တဲ့ အတွက် အခုလို အဆင့်တန်း လျှော့ချ သတ်မှတ်ရတာ ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောကြောင်း ရိုက်တာ သတင်း တစ်ပုဒ်မှာ ကိုးကား ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ