၂၁ရာစုပင်လုံ ညီလာခံသြဂုတ်လအတွင်း ကျင်းပမယ်

  • 28 ဇွန် 2016
အပစ်ရပ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဓာတ်ပုံ မူပိုင် State Councillor office
Image caption အပစ်ရပ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ဒေါ်အောင်ဆန်းစုကြည်နဲ့ NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံပြီး NCA ပေါ်အခြေခံပြီး ငြိမ်းချမ်းရေး ဆက်လုပ်ဖို့နဲ့ ၂၁ရာစု ပင်လုံညီလာခံကို သြဂုတ်လ တတိယပတ်မှာ ကျင်းပဖို့ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အားလုံးငြိမ်းချမ်းစွာ နေနိုင်မယ့် စစ်မှန်တဲ့ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံကြီး ထူထောင်ဖို့ တိုင်းရင်းသားတွေက စိတ်ပါဝင်စားစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြဖို့ ပြောကြားသွားပါတယ်။

တိုင်းရင်းသားတွေဘက်ကတော့ အရင်အစိုးရနဲ့ ပြည်နယ်နဲ့ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကို အစိုးရသစ်က အသိအမှတ်ပြုပေးဖို့ ပြောကြားသလိုငြိမ်းချမ်းရေးမရခင်ကြားကာ

လမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးကိုအစိုးရက ကြည့်ရှု စီမံပေးဖို့တောင်းဆိုကြပါတယ်။

ချင်းအမျိုးသားတပ်ဉီးရဲ့အဓိပတိပူဇင်ကျုံးကတော့ အရင်လက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်ကိုအခြေခံပြီး ငြိမ်းချမ်းရေးဆက်လုပ်ဖို့လိုမယ်လို့ပြောပါတယ်။

ဒါ့အပြင် ညီညွတ်ရေး အခြေခံတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့ တိုင်းရင်းသားတွေဘက်က ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေးခွန်းနဲ့ပတ်သက်လို့

ပအို့အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ခွန်ဥက္ကာက အနှစ်၄၀အနှစ်၆၀ စသဖြင့် တော်လှန်ရေး အတွေ့အကြုံရှိတဲ့ အဖွဲ့တွေအနေနဲ့ သူတို့ရဲ့ အတွေ့အကြုံ တွေကို ပြန်လည် တည်ဆောက်ဖို့ လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက် နိုင်တယ်လို့ ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကို င်ခေါင်းဆောင်တွေ ဇွန်လ၂၉ရက်မှာ ကာကွယ်ရေး ဉီးစီးချုပ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ