ဥပဒေတချို့ ပြင်ဆင် ဖျက်သိမ်း ဖို့ HRW မြန်မာကို တိုက်တွန်း

  • 29 ဇွန် 2016
ဓာတ်ပုံ မူပိုင် HRW

မြန်မာ နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ပိတ်ပင် တားဆီးတဲ့ ဥပဒေ တွေကို ပယ်ဖျက် သင့်တယ်လို့ HRW လူ့ အခွင့် အရေး စောင့်ကြည့် ရေး အဖွဲ့က မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်လ်ဒီ ပါတီ ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဟန့်တားတဲ့ ဥပဒေ တွေကို ပြင်ဆင်တာ၊ ပယ်ဖျက် တာတွေ လုပ်သင့်တယ်လို့ HRW ထုတ်ပြန်တဲ့ အစီရင် ခံစာမှာ ဖော်ပြထား ပါတယ်။

ဆက်သွယ်ရေး ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေတွေ အပါ အဝင် ဖိနှိပ်တဲ့ ဥပဒေတွေ ကိုသုံးပြီး အခုလ အတွင်းမှာ တင် လူ ၇၀ လောက် ကို ဖမ်းဆီး ခဲ့တယ်လို့ လည်း အဲဒီ အစီရင်ခံစာမှာ ထောက်ပြထား ပါတယ်။

အခု အစိုးရ သစ်က တရား ဥပဒေ စိုးမိုးရေး အသေ အချာ ဆောင်ရွက် နေတာ ဖြစ်တဲ့ အတွက် အစိုးရ အပေါ် မှာတော့ ဘာမှ မစိုးရိမ် ကြောင်း၊ ဒါပေမယ့် အခုလို ဥပဒေ တွေကို ပယ်ဖျက် တာမျိုး ပြင်ဆင် တာမျိုး လုပ်ဖို့ကို တော့ တိုက်တွန်း တယ်လို့ ရန်ကုန် အခြေစိုက် WHR ပြောခွင့်ရ David Mathieson က ပြောပါ တယ်။

စစ်တပ်က သြဇာ ရှိနေတဲ့ အတွက် ဒီဥပဒေတွေ ပြင်ဆင် ဖျက်သိမ်း တာမျိုးနဲ့ မလုံလောက် ဘူး ဆိုတာ သိကြောင်း၊ ဒါပေမယ့် လွှတ်တော်မှာ ဒီဥပဒေတွေကို ဖျက်သိမ်း ပြင်ဆင် တာကိုတော့ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ လည်း သူက ပြောကြားသွားပါတယ်။