ဒီမိုကရေစီ မပြည့်ဝကြောင်း မြန်မာအစိုးရပြော

  • 30 ဇွန် 2016
kyi ဓာတ်ပုံ မူပိုင် EPA
Image caption တပ်မတော်သား ၂၅ ရာနှုန်းနဲ့ လွှတ်တော်ထဲမှာ တွဲဖက်ထား

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အဝ မရသေးကြောင်း အစိုးရ တာဝန်ရှိသူတွေဘက်က ဝန်ခံ ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အစိုးရ အဆက်ဆက် အောက်မှာ ဆယ်စုနှစ်တွေနဲ့ချီပြီး နေခဲ့ရပြီးနောက် ခုမှ ကူးပြောင်းရေး အဆင့်ဆင့်ကို ဖြတ်သန်းနေရတာ ဖြစ်ကြောင်း အစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ မြန်မာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရဟာ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ တပ်မတော်နဲ့ တွဲဖက် အုပ်ချုပ် နေရပါတယ်။

စစ်အစိုးရခေတ်က လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဥပဒေ တွေကို ပယ်ဖျက်ပေးဖို့ မကြာခင် ကလည်း တက်ကြွ လှုပ်ရှားသူတွေက တောင်းဆို ခဲ့ကြပါတယ်။

ဒီလို ဒီမိုကရေစီ အပြည့် မရှိသေးပေမယ့် အစိုးရ အဖွဲ့ထဲမှာတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် တပ်နဲ့ အရပ်ဘက် ဝန်ကြီးတွေ သီးခြားစီ လုပ်ဆောင်နေကြတယ် လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုက္ခသည် စခန်းတွေနဲ့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်

ရခိုင်ပြည်နယ် အရေး ကိစ္စရဲ့ သိမ်မွေ့ အကဲဆတ်မှုကိုလည်း နိုင်ငံတကာ ကူညီရေး အဖွဲ့တွေက သတိပြု စေလိုတယ်လို့ ရခိုင် တောင်ပိုင်းသား ဖြစ်တဲ့ ဦးဖေမြင့်က ပြောပါတယ်။

သူတို့ အစိုးရ အနေနဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေသူတွေနဲ့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နေသလို ပြည်နယ် တခုလုံး ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဦးဖေမြင့်က ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ