ထိုင်းရောက် မြန်မာအလုပ်သမားတွေကို စိစစ်မှုတွေ လုပ်နေ

  • 3 ဇူလိုင် 2016
Image caption ဒေါ်အောင်ဆန်းစုကြည် ထိုင်းကို သွားရောက် တုန်း မြန်မာ အလုပ် သမားတွေ အခွင့် အရေး အတွက် နှစ်နိုင်ငံ သဘောတူ စာချွန်လွှာ ရေးထိုးခဲ့

ထိုင်းနိုင်ငံ မှာရှိတဲ့ မြန်မာ အလုပ် သမားတွေကို ထိုင်း အာဏာပိုင်တွေ ကနေ စိစစ်မှုတွေ ဆောင်ရွက် နေပြီး ဖမ်းဆီး မှုတွေလည်း ရှိနေပါတယ်။

ထိုင်း တောင်ပိုင်းမှာ ဆိုရင် မြန်မာ ရေ လုပ်သားတွေကို အထောက် အထား လုပ်ပေး ရတာတွေ၊ အကျိုး ခံစားခွင့် ပိုပေး ရမယ့် အခြေအနေ တို့ကြောင့် အလုပ်ရှင်တွေ ကနေ အလုပ်ဖြုတ်တာတွေ လုပ်နေတယ်လို့ ထိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း FED ကနေ ကြေညာချက် ထုတ်ပြန်ထား ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထိုင်း နိုင်ငံကို သွားရောက် လည်ပတ် ခဲ့တုန်းက ထိုင်းရောက် မြန်မာ အလုပ် သမားတွေ ထိုင်း နိုင်ငံသားတွေ နဲ့ တန်းတူ အခွင့် အရေး ရဖို့ နှစ်နိုင်ငံ သဘော တူ စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ တာပါ။

ဒါပေမယ့်လည်း ထိုင်း နိုင်ငံသား တချို့က ဒါကို မကျေနပ်တဲ့ အကြောင်း အင်တာနက် လူမှု ကွန်ယက်မှာ လှုံ့ဆော် မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အမှန် မှာတော့ ဒီ အခွင့်အရေး တွေဟာ နဂို ကတည်းက ရှိပြီးသား တောင်းဆိုထားတဲ့ အချက်တွေ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကို ထပ်မံ တောင်းဆို တာမျိုး လုပ်ခဲ့တာ မဟုတ်ဘူးလို့ FED အဖွဲ့က အလုပ် သမား တာဝန်ခံ ကိုမင်းဦးက ဘီဘီစီ ကို ပြောပါတယ်။

ထိုင်း အလုပ်သမား ဝန်ကြီး ဌာနနဲ့ အာဏာပိုင် တွေက လုပ်ငန်းခွင် တွေကို တင်းတင်း ကျပ်ကျပ် နဲ့ စစ်ဆေးဖို့ စတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ကိုလည်း FED ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။

ဒီအတွက် မြန်မာ အလုပ် သမားတွေ အနေနဲ့ အခု အချိန် အတွင်း သတိ ဝိရိယ နဲ့ သွားလာ ကြဖို့ FED က အကြံပြုထားပါတယ်။