ရခိုင် မွတ်စလင်လို့ မခေါ်ဖို့ တောင်းဆို ဆန္ဒပြ

  • 3 ဇူလိုင် 2016
Image caption ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းလို့ လက်ရှိ အစိုးရက ခေါ်ဆိုမယ်ဆိုတဲ့ အပေါ် လက်မခံဘဲ ကန့်ကွက် ဆန္ဒပြ

ဇူလိုင်လ ၃ ရက်နေ့က ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေ ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့ ဆန့်ကျင် ဆန္ဒပြပွဲတွေကို စစ်တွေမြို့ အပါအဝင် မြို့ ၁၄ မြို့မှာ ပြုလုပ်ခဲ့ ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ မွတ်စလင်တွေကို ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းလို့ လက်ရှိ အစိုးရက ခေါ်ဆိုမယ်ဆိုတဲ့ အပေါ် လက်မခံဘဲ ကန့်ကွက် ဆန္ဒပြပွဲတွေကို ရခိုင်ပြည်နယ်က မြို့ အနည်းဆုံး ၁၄ မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာတဲ့ တိုင်းရင်းသားတွေကို ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေလို့ သုံးနှုန်း တာဟာ တိုင်းရင်းသား တန်းတူရေး ကိုရော၊ စည်းလုံးညီညွှတ်မှု ကိုပါ ဖောက်ဖျက်ရာ ရောက်တယ်လို့ စစ်တွေက ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ကိုရာဇာမင်းအောင်က ပြောပါတယ်။

ဆန္ဒဖော်ထုတ်ကြသူတွေဟာ ရခိုင်ပြည်နယ် က မွတ်စလင်အသိုင်းအဝိုင်းလို့ ခေါ်ဆိုတာကို လက်မခံသလို၊ ရခိုင်လူမျိုးတွေကို ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းလို့ ခေါ်ဆိုတာကိုလည်း လုံး ၀ လက်ခံမဟုတ်ဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည် မပျောက်ပျက်ရေး နဲ့ ရခိုင်လူမျိုး မပျောက်ပျက်ရေး အတွက် တောင်းဆိုတာ ဖြစ်တယ်လို့ ပုဏ္ဍားကျွန်းမြို့က ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်သူ ဦးမောင်လှအောင် က ပြောပါတယ်။

ရခိုင်လူမျိုးတွေဘက်က မှုဆလင် တွေကို ဘင်္ဂလီလို့သာ ဆက်ခေါ်မယ်လို့ ပြောဆိုနေပါတယ်။

မွတ်စလင်တွေဘက်ကတော့ သူတို့ကို မြန်မာအစိုးရနဲ့ ရခိုင်လူမျိုးတွေ လက်မခံတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုသာ ခေါ်စေချင်တာကြောင့် ဒီ ပြသနာဟာ အတော်ကို ရှင်းရခက်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရရဲ့ သဘောထားကို သိရှိနိုင်အောင် ပြောရေးဆိုခွင့်ရှိ စည်ပင် ဝန်ကြီး ဦးမင်းအောင် ဆက်သွယ်တော့ ဖုန်း ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ