စီမံကိန်း ၂၀ ကျော် ရှမ်းပြည် အစိုးရ ဆိုင်းငံ့

  • 5 ဇူလိုင် 2016
shan_state_projects_suspend ဓာတ်ပုံ မူပိုင် b
Image caption နောင်ဖ ရေအား လျှပ်စစ်စီမံကိန်း လုံးဝ ရပ်ဖို့ ကန့်ကွက်မှုတွေ ရှိနေ။

ရှမ်းပြည်နယ်ထဲ တည်ဆောက်ဖို့ အရင် အစိုးရ လက်ထက်က နိုင်ငံခြား ကုမ္ပဏီ တွေ နဲ့ကြား သဘောတူ ထားတဲ့ စီမံကိန်း ပေါင်း ၂၀ ကျော်ကို ရှမ်းပြည်နယ် အစိုးရ က ဆိုင်းငံ့ လိုက်ပါတယ်။

အစိုးရသစ် လက်ထက် ကွင်းဆင်း စုံစမ်းပြီး၊ ဒေသခံတွေ ရဲ့ သဘောထား ကို နားထောင် ပြီးမှ ခွင့်ပြု သင့် မသင့်ကို ဗဟို အစိုးရ ဆီ တင်ပြမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး ဖြစ်တဲ့ ဦးစိုးညွန့်လွင်က ဘီဘီစီကို ပြောပါတယ်။

ဆိုင်းငံ့ လိုက်တယ် ဆိုတဲ့ စီမံကိန်း တွေထဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေနဲ့ ဒေသခံတွေက ကန့်ကွက်နေတဲ့ ရှမ်းပြည် မြောက်ပိုင်း သံလွင်မြစ်ပေါ် တည်ဆောက်မယ့် နောင်ဖ ရေအား လျှပ်စစ်စီမံကိန်းလည်း ပါဝင် နေပါတယ်။

အဲဒီ စီမံကိန်းဟာ တရုတ် Hydrochina Corporation ကုမ္ပဏီနဲ့ ပြည်တွင်းက IGE ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပြီး၊ ရှမ်းပြည်နယ်မှာတော့ အကြီးဆုံး ရေအား လျှပ်စစ် ဓာတ်အား ထုတ်ယူမယ့် စီမံကိန်းဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီ နောင်ဖ ရေအား လျှပ်စစ် စီမံကိန်း အပါအဝင်၊ အိမ်ယာ စီမံကိန်းတွေနဲ့ ဟိုတယ်ဇုံ စီမံကိန်း တွေလို လက်တွေ့ အကောင်အထည် မဖော် ကြသေးတဲ့ စီမံကိန်း ၂၀ ကျော်ကို ရှမ်းပြည်နယ် အစိုးရ က ပြန်လည် စိစစ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ