မြန်မာတနိုင်ငံလုံး သစ်ထုတ်မှု ၁ နှစ်နားမယ်

  • 6 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption တရားမဝင် သစ်ခိုး ထုတ်မှုတွေကို တော့ လိုအပ်ရင် ပုဒ်မ ၁၄၄ ထုတ် ကာကွယ် သွားမယ်

မြန်မာ တနိုင်ငံလုံး မှာ သစ်ထုတ်လုပ် နေမှုတွေကို ၂၀၁၆ ၂၀၁၇ အတွက် ၁ နှစ် ရပ်နား တော့မှာ ဖြစ်ပါတယ်။

ပဲခူးရိုးမ ကိုတော့ အခုနှစ်က စလို့ အနည်းဆုံး ၁၀ နှစ် ရပ်နား မယ်လို့ သယံဇတနဲ့ သဘာဝ ပတ်၀န်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန သစ်လုပ်ငန်း ပြောခွင့်ရသူ ဒုတိယ အထွေထွေ မန်နေဂျာ ဦးအေးချိုသောင်းက ပြောပါတယ်။

ပဲခူး ရိုးမကို ပြန်လည် ထိန်းသိမ်း ဖို့နဲ့ တရား မဝင် သစ်ထုတ် လုပ်နေမှု တွေကို တားဆီး နိုင်ဖို့ အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ ဦးအေးချိုသောင်းက ပြောပါတယ်။

နောက်ပြီး အခုနှစ် အတွက် သုံးဖို့ ပြီးခဲ့တဲ့ နှစ်က ထုတ်လုပ် ထားခဲ့တဲ့ သစ်တန်ချိန် ကလည်း အလုံ အလောက် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ သစ်လုပ်ငန်း ရဲ့ ဖွဲ့စည်းပုံကို ပြင်ဖို့ရှိပြီး တခြား အစီအစဉ်တွေလည်း ရှိတာကြောင့် အခုလို ရပ်နား ဖို့ စီစဉ်တာ လို့ သူကပြောပါတယ်။

တရားမဝင် သစ်ခိုး ထုတ်မှုတွေကို တားဆီး ဖို့အတွက် ကတော့ သစ်တော နေရာ တဝိုက်၊ လိုအပ်ရင် ပုဒ်မ ၁၄၄ ထုတ် ကာကွယ် သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သစ်တော ထိန်းသိမ်းမှု အပိုင်းကို အခု အခါ အဓိက ထားမှာ ဖြစ်တဲ့ အတွက် တိုင်းပြည်ရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး ဂျီဒီပီ ကတော့ လျော့ သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အရင် အစိုးရတွေ တုန်းကတော့ နိုင်ငံခြားငွေ ရဖို့ သစ် ထုတ်လုပ် မှုကို အဓိက ထားခဲ့တာ ဖြစ်တယ်လို့ လည်း သူက ထောက်ပြ သွားပါတယ်။