မြန်မာပြည် လူ့အခွင့်အရေးကို လျစ်လျူမရှုဖို့ ယန်ဟီးလီး တိုက်တွန်း

  • 6 ဇူလိုင် 2016
yang_hee_lee_ ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရ ဝန်ကြီး ဌာန တွေ မှာ စစ်တပ် က ဩဇာရှိ လွှမ်းမိုး ထားနိုင်ဆဲ ဖြစ်တယ်။

မြန်မာ နိုင်ငံနဲ့ ဆက်ဆံဖို့ စိတ်အား ထက်သန် နေကြတဲ့ နိုင်ငံတကာ အစိုးရတွေ၊ စီးပွားရေး လုပ်ငန်းတွေ နဲ့ အကူအညီပေးရေး အဖွဲ့တွေ အားလုံး လူ့ အခွင့်အရေး ကိစ္စကို လျစ်လျူ မရှု သင့်ပဲ အလေးထား သင့်တယ်လို့ မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီးက တိုက်တွန်း လိုက်ပါတယ်။

ဘီဘီစီ မြန်မာပိုင်းက မစ္စ ယန်ဟီးလီးကို သီးသန့် မေးမြန်း ခဲ့စဉ် အခုလို ပြောခဲ့တာပါ။

ဒါ့အပြင် လူ့ အခွင့်အရေး ချိုးဖောက် မှုတွေ ကျူးလွန် တယ် ဆိုပြီး စစ် အစိုးရ အဆက်ဆက် လက်ထက် အသိများ ခဲ့တဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ လူဝင်မှု တို့လို အစိုးရ ဝန်ကြီး ဌာန တွေ မှာ စစ်တပ် က ဩဇာရှိ လွှမ်းမိုး ထားနိုင်ဆဲ ဖြစ်တယ်လို့ မစ္စ ယန်ဟီးလီး က ဆိုပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေ ဥပဒေ နဲ့ ၈၂ နိုင်ငံသား ဥပဒေ အပါအဝင်၊ ဖိနှိပ်တဲ့ ဥပဒေ တွေကို မပြင် နိုင် သ၍၊ တရားစီရင်ရေး မဏ္ဍိုင် မလွတ်လပ် သ၍တော့ အခက်အခဲတွေ ဆက် ရှိနေလိမ့် ဦးမယ်လို့ မစ္စ ယန်ဟီးလီး က ပြောပါတယ်။

မစ္စ ယန်ဟီးလီးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရ သစ် ပေါ်ပေါက် လာအပြီး ပထမဆုံး အကြိမ် အနေနဲ့ မြန်မာ နိုင်ငံကို လာရောက် ခဲ့ပြီး လူ့ အခွင့် အရေး အခြေ အနေတွေကို ၁၂ ရက် ကြာ လေ့လာ ခဲ့ ပါတယ်။

ဇူလိုင် ၁ ရက် နေ့ မြန်မာ နိုင်ငံက ပြန်လည် မထွက် ခွာခင် ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာလည်း အစိုးရ ယန္တရား အဆင့်ဆင့်မှာ လူ့ အခွင့်အရေး ကို လိုက်နာဖို့ အသေအချာ ပြဌာန်း သင့်တယ် ဆိုပြီး တိုက်တွန်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ