ရန်ကုန်တိုင်း ဝန်ကြီးချုပ်စကား ဖြေရှင်းဖို့ မဘသ တောင်းဆို

  • 7 ဇူလိုင် 2016
Image caption ရန်ကုန်တိုင်း ဝန်ကြီးချုပ် ရဲ့စကား နဲ့ ပတ်သက်ပြီး တပတ်အတွင်း ဖြေရှင်းပေးဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆို

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မြန်မာနိုင်ငံ သံဃ နာယက ဆရာတော်တွေဆီ သွားရောက်ပြီး မဘသ အဖွဲ့အစည်း မရှိသင့်ဘူးလို့ ထပ်မံ လျှောက်ထား ခဲ့သလို့ မဘသ ( ဗဟို ) ဦးဆောင် ဆရာတွေ ကလည်း အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်သံဃ မဟာ နာယက ဥက္ကဌ ဗန်းမော် ဆရာတော် ထံသွား ရောက်ပြီး မဘသ အဖွဲ့မရှိသင့်ဘူးလို့စင်္ကာပူနိုင်ငံမှာ ပြောဆိုခဲ့တဲ့ အကြောင်း သွားရောက် လျှောက်ထားခဲ့ တယ်လို့သူနဲ့အတူလိုက်ပါသွားတဲ့ သာသနာ ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ဦးကပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့ လျှောက်ထားချက် အပေါ် သံဃ နာယက ဆရာတွေ ဘက် က သာသနာရေး အဖွဲ့အစည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုသာ ပြန်လည် မိန့်ကြားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ပြန်လည်တုန့်ပြန်ဖို့မဘသ ( ဗဟို ) က ဆရာတော်တွေဟာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

မဘသ ဗဟို အစည်းအဝေး ကနေ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ရဲ့စကား နဲ့ ပတ်သက်ပြီး တပတ်အတွင်း ဖြေရှင်းပေးဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆို ခဲ့ပါတယ်။

တောင်းဆိုချက်ကို မဖြေရှင်းပါကဆန္ဒပြတာမျိုး လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုတ်သိမ်းဖို့တောင်းဆို တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့လဲ ဆရာတော် ဓမ္မ တေဇနိယ က မိန့်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး၇န်ကုန်တိုင်းအစိုးရဖက်ကိုဆက်သွယ်ပေးမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ