ချင်းတွင်းမြစ်ရေတက်နေ

  • 8 ဇူလိုင် 2016
Image caption စစ်ကိုင်းတိုင်း၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ် တွေမှာ ရေကြီးမှုတွေ ကြုံနေရ

စစ်ကိုင်းတိုင်း မှာ မိုးကြီးတဲ့အတွက် ချင်းတွင်းမြစ်ရေ တိုးလာနေပြီး မော်လိုက်၊ ဟုမ္မလင်း နဲ့ ဖောင်းပြင် မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန် နေပါတယ်။

မြို့ပေါ်နေရာတချို့မှာ ရေဝင်နေသလို ကျေးရွာ ၃၀ ကျော်မှာ ရေကြီးနေတဲ့အတွက် စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ထားရပါတယ်။

မော်လိုက် မြို့မှာလည်း မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုပြီး အိမ်ခြေ ၄၀ လောက်ပြောင်းရွှေ့ ထားရပါတယ်။

ရေကြီးတဲ့ နေရာ တွေမှာ ခုချိန်အထိ ကယ်ဆယ်ရေး တွေ ရောက်မလာ သေးဘဲ ကိုယ်ထူကိုယ်ထ ဆောင်ရွက် နေရတယ်လို့ အဲဒီမြို့နယ်တွေမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ထဲမှာရှိတဲ့ ကလေးဝ၊ မင်းကင်း နဲ့ ကနီ မြို့တွေမှာလည်း လာမယ့်ရက်တွေ အတွင်း စိုးရိမ်ရေမှတ်ကို ကျော်လာနိုင်တယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာလည်း မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နဲ့ ကျောက်တော် အပါအဝင် မြို့နယ်ငါးခုမှာ ရေကြီးခဲ့လို့ လူ ၂၁,၀၀၀ ကျော် ရေဘေး ကြုံနေရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ