မိုင်ဂျားယန် ညီလာခံကို အစိုးရက တရားဝင် အသိအမှတ် ပြုအောင် လုပ်ဆောင်မယ်

  • 8 ဇူလိုင် 2016
_laiza_conference
Image caption လိုင်ဇာမှာ လက်နက်ကိုင် တပ်တွေ တွေ့ဆုံ ခဲ့ကြစဉ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ စုံညီ တွေ့ဆုံကြမယ့် မိုင်ဂျားယန် ညီလာခံ ကို အစိုးရ ဘက်က တရားဝင် အသိအမှတ် ပြု အောင် ကြိုတင် ခွင့်ပြု ချက် တောင်းခံ သွားမှာ ဖြစ်ပေမယ့် အစိုးရ စစ်တပ် ကိုယ်စားလှယ် တွေ ကို တက်ရောက်ဖို့ ဖိတ်ကြား တာမျိုးတော့ ပြုလုပ်ဖို့ မရှိဘူး ဆိုပြီး မိုင်ဂျားယန် ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။

အစိုးရ က ကျင်းပဖို့ စီစဉ်နေတဲ့ ၂၁ ရာစု ပင်လုံ ညီလာ ခံ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ အနေနဲ့ ကြိုတင် ညှိနှိုင်း ကြဖို့နဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး နဲ့ ပတ်သက်ပြီး ဘုံ သဘောထား ရပ်တည် ချက် ရှိလာဖို့ မိုင်ဂျားယန် အစည်းအဝေးကို ရည်ရွယ် ကျင်းပမှာ ဖြစ်တယ်လို့ လည်း ခူးဦးရယ်က ဆိုပါတယ်။

ကချင်ပြည်နယ် မိုင်ဂျားယန် ဒေသမှာ ဇူလိုင်လ နောက်ဆုံးပတ် လောက် အတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ စုံညီ စည်းဝေး ကြဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။

အဲဒီ့ အစည်းအဝေးမှာ တနိုင်ငံ လုံး အပစ်ရပ် စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့တွေရော၊ မရေး ထိုးရ သေးတဲ့ အဖွဲ့တွေ ရော အားလုံး ၂၁ ဖွဲ့ စုံညီ တက်ရောက်ဖို့ ရည်ရွယ် ထားတယ်လို့ ခူးဦးရယ်က ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းက မြေပေါ် တိုင်းရင်းသား နိုင်ငံရေး ပါတီ တွေ ကိုလည်း အကန့် အသတ် နဲ့ ဖိတ်ကြားသွားမယ်လို့ ခူးဦးရယ်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ