အရှေ့ဥရောပမှာ နေတိုးတပ်တွေ ချထားမယ်

  • 8 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမနီ ပေါင်းစည်းပြီး ရုရှရန် ကာကွယ်ရေး ပထမဆုံး တပ်ချ

ပိုလန်နိုင်ငံ ဝါဆော မြို့မှာ ကျင်းပ နေတဲ့ နေတိုး မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ အစည်းအဝေး ကနေ အက်စတိုးနီးယား၊ လပ်ဗီယာနဲ့ လစ်သူယေးနီးယား နိုင်ငံ တွေမှာ စစ်သည် လေးထောင် အထိ ချထားဖို့ ဆုံးဖြတ် လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော် ကအရှေ့နဲ့ အနောက် ဂျာမနီ နှစ်နိုင်ငံ ပေါင်းစည်း ခဲ့အပြီး ရုရှ ရန်ကို ကာကွယ်ဖို့ အတွက် ပထမဆုံး တပ်ချထား ဖို့စီစဉ်တာ ဖြစ်ပါတယ်။

ရုရှ ဖက် ကတော့ နေတိုး အဖွဲ့မှာ လူပြိန်း နားလည် နိုင်လောက်တဲ့ ဆင်ခြင်မှုမျိုး ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း တုံ့ပြန် ခဲ့ပါတယ်။

ရုရှ ကတိုက်ခိုက်လာ နိုင်တယ်ဆိုတဲ့ ပြောဆိုချက် ဟာအဓိပ္ပာယ်မရှိဘူး လို့လည်း ဆိုခဲ့ပါတယ်။

ဂျာမန် ကာကွယ်ရေး ဝန်ကြီးကတော့ ကြိုတင်ခန့်မှန်းလို့ မရ နိုင်တဲ့၊ ရန်လိုတဲ့ ရုရှ ရန်က ကာကွယ်ဖို့ တပ်တွေချထားဖို့ လိုတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ