ရခိုင်မှာ ရေကျ သွားပေမယ့် စစ်တွေ-ရန်ကုန် ကားလမ်း ပျက် ကျန်ရစ်ခဲ့

  • 9 ဇူလိုင် 2016
_rakhine_floods_damage_
Image caption ရခိုင်မှာ စုစုပေါင်း ၄၈၇၂ ဧကကျော် ရေလွှမ်း ခံခဲ့ရပြီး လူပေါင်း ၁၄ဝဝဝ ဝန်းကျင် ရေဘေးဒဏ် ခံစား ခဲ့ရ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရခိုင်ပြည်နယ် ထဲ မိုးဆက်တိုက် ရွာပြီး ရေကြီး ခဲ့တဲ့ အတွက် လမ်း တံတားတွေ ပျက်စီးပြီး ကျန် နေရစ် ခဲ့ပါတယ်။

မြောက်ဦးနဲ့ မင်းပြား ကြားက တံ့တား နှစ်စင်း ကျိုး နေလို့ စစ်တွေ-ရန်ကုန် ကားလမ်းမ အသုံးပြုလို့ မရ အသွားအလာ ရပ်တန့် နေတယ် ဆိုပြီး ဒေသခံတွေက ပြောပါတယ်။

တံတားတွေ အပါအဝင်၊ တံတား ချည်းကပ်လမ်းတွေပါ ပျက်စီး ကုန်တာ ကြောင့် ချက်ခြင်း ပြန် မပြင်နိုင် ဖြစ်နေရတယ် ဆိုပြီး ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

မြောက်ဦး၊ ကျောက်တော်၊ မင်းပြား မြို့နယ် တွေ ထဲက နေရာ အတော် များများမှာ အခု ရေကျ သွားပေမယ့်၊ ကျောက်တော် မြို့နယ်ထဲ လမုန့်တပင် ကျေးရွာနဲ့ အနီး တဝိုက်မှာလို ရေမကျ ဖြစ်နေဆဲ နေရာတွေ လည်း ရှိနေပါတယ်။

အခု တစ်ခေါက် ရခိုင်ပြည်နယ်ထဲ ရေကြီးရေလျှံ ဖြစ်ခဲ့တာမှာ မြောက်ဦးမြို့နယ် ထဲမှာ ၁၀၂၆ ဧက၊ ကျောက်တော် မြို့နယ်မှာ ၁၈၁၆ ဧက နဲ့ မင်းပြားမြို့နယ် မှာ ဆိုရင် ၂၀၃၀ ဧက၊ စုစုပေါင်း ၄၈၇၂ ဧကကျော် ရေလွှမ်း ခံခဲ့ရပြီး လူပေါင်း ၁၄ဝဝဝ ဝန်းကျင် ရေဘေးဒဏ် ခံစား ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ