သတင်းသမားကို အသရေဖျက်မှုနဲ့ ပြစ်ဒဏ်ချမှတ်

  • 12 ဇူလိုင် 2016
Image caption ထောင်ဒဏ် ၆ လအပြစ်ဒဏ်ချမှတ်

အစိုးရသစ် လက်ထက်မှာ သတင်းမီဒီယာသမားတွေကို တရားရုံးကနေ ဒုတိယအကြိမ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

The Lady ဂျာနယ်ရဲ့ သတင်းထောက်ဟောင်း မောင်မဲ (ပြည်)၊ အယ်ဒီတာဟောင်း ကိုစိုင်းစိုင်း နဲ့ ဒေသခံလယ်သမား ဦးပြုံးချိုတို့ ၃ ယောက်ကို သူတို့ တာဝန်ယူလုပ်ကိုင်ခဲ့စဉ်က ရေးသားခဲ့တဲ့ မြေသိမ်းမှု သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး ဟောင်း ဦးခင်မောင်ဝင်းက အသေရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

အဲဒီအမှုအတွက် အခုတယောက်ကို ဒဏ်ငွေ ၂ သောင်းကျပ်စီ တကယ်လို့ မပေးဆောင်ရင် ထောင်ဒဏ် ၆ လအပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မီဒီယာ ဘက်က လယ်သမားတွေဆီက ရတဲ့ အထောက်အထား စာရွက် စာတမ်း တောင်းပြီး ရေးသား ခဲ့တဲ့ အတွက် စီရင်ချက် ချမှတ် ခံရတာ နဲ့ပတ်သက်လို့ တရားမျှတမှု မရှိဘူးလို့ ပြောပါတယ်။

ဒုဗိုလ်မှူးကြီးဟောင်း ဦးခင်မောင်ဝင်း က ၁၉၉၇/၉၈ ခုနှစ်မှာ တာဝန် ထမ်းဆောင် ခဲ့တာ ဖြစ်ပြီး လယ်သမားတွေ တရားရုံးမှာ လွဲမှား ထွက်ဆို ခဲ့တဲ့ ခုနှစ်ကို ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေက အသရေဖျက်မှု နဲ့ တရားရင်ဆိုင် စဉ်မှာခုနှစ် အမှန် ကို လာရောက် ထွက်ဆို ပေးခဲ့ပြီး အမှန်တကယ် လယ်တွေ သိမ်းယူ ခဲ့ကြောင်းကိုလည်း ထွက်ဆို ပေး ခဲ့ကြတယ်လို့ ပြောပါတယ်။

နယ်တွေမှာ သတင်းလွတ်လပ်ခွင့် က အခုချိန်ထိ မရှိသေးဘူးလို့ The Lady ဂျာနယ် သတင်းထောက်ဟောင်း မောင်မဲ က ပြောပါတယ်။

The Lady ဂျာနယ် မှာ အခု သတင်း ကို ရေးသားခဲ့ ချိန်တုန်း ကလည်း နှစ်ဘက် စလုံးနဲ့ တွေ့ဆုံဖို့ ကြိုးစား ခဲ့ပေမယ့် လယ်မြေသိမ်းခံခဲ့ရ သူများ နဲ့သာ တွေခွင့် ရခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ