မိုင်ဂျာယန်ညီလာခံမှာ ဘာတွေဆွေးနွေးမလဲ

  • 13 ဇူလိုင် 2016
ethnic laiza
Image caption ၂၀၁၅ တုန်းက လော်ခီးလာမှာလည်း တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) မှာ တိုင်းရင်းသားတွေ ဘက်က လိုလားချက်တွေကို တင်ပြဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီ အစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ဒီလ ၂၆ ကနေ ၂၉ ရက်ထိ ကျင်းပဖို့ ရှိပါတယ်။

အဲဒီအတွက် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတစ်ခု ဇူလိုင်လ ၁၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ကြပြီး ညီလာခံမှာ ဆွေးနွေးဖို့ ခေါင်းစဉ်တွေကိုလည်း ညှိနှိုင်း ခဲ့ကြပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူများ၊ ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေး အခြေခံမူများ၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် သုံးသပ်ပြင်ဆင်ရေး၊ ပင်လုံလက်စွဲစာတမ်းကို ဆန်းစစ်အတည်ပြုရေး စတဲ့ အချက်တွေ ပါဝင်တယ်လို့ ပြင်ဆင်ရေးဆွေးနွေးပွဲကို တက်ခဲ့တဲ့ ပြည်ထောင်စု အင်စတီကျုက ဒါရိုက်တာ ဦးခွန်ဆိုင်းက ပြောပါတယ်။

မိုင်ဂျာယန်ညီလာခံကြီးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကို ဖိတ်ကြားထားပြီး အားလုံးတက်ရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ