ရန်ကုန် အိမ်ရာ စီမံကိန်း ညွှန်ကြားချက်ထွက်

  • 13 ဇူလိုင် 2016
yangon ဓာတ်ပုံ မူပိုင် Reuters
Image caption ခေတ်မီ ဖွံ့ဖြိုးလာတဲ့ ရန်ကုန်

ရန်ကုန်တိုင်း အစိုးရ က ပြီးခဲ့တဲ့ရက် ပိုင်း ကပဲ သူတို့ရပ်တန့်ခိုင်းထားပြီး စစ်ဆေးနေတဲ့ အထပ်မြင့်တိုက်တာ စီမံချက် တွေ ထဲက စစ်ဆေးပြီးသွားတဲ့ အိမ်ရာ တိုက်တာ တည်ဆောက်ရေး စီမံကိန်း ၁၂ ခုနဲ့ပတ်သက်ပြီး လုပ်ဖို့လိုအပ်တာတွေ ကို ညွှန်ကြားချက်တွေ ထွက်လာပါတယ် ။

ဒီထဲမှာ စီမံကိန်း ဒီဇိုင်း ပြန်လည် ရေးဆွဲဖို့၊ အထပ် လျှော့ချဖို့ ညွှန်ကြားချက်တွေ ပါပါတယ်။

ကားရပ်နားရာ နေရာ မပါတာကို ထပ်ဖြည့်ခိုင်းတာ၊ ကမ္ဘာအေး ဘုရားလမ်း၊ ပြည်လမ်း၊ ကမ်းနား လမ်းတွေပေါ်က အထပ် ၂ဝ ကျော် ကွန်ဒိုတွေကို အထပ် လျှော့ချ ဆောက်ခိုင်းတာတွေ ပါပါတယ်။

ဒီပြန်စစ်ဆေးနေတဲ့ စီမံချက်တွေ နဲ့ပတ်သက်လို့ အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ ဘက် က ဝေဖန်သံတွေ ထွက်နေပါတယ်။

မေလ ထဲက အစိုးရ ရပ်ဆိုင်းခိုင်းလို့ ရပ်ထားရတဲ့ ၁၃ ထပ်နဲ့ အထက် အဆောက်အအုံ ၁၄၁ လုံး ရှိပြီး အဲဒီ လုပ်ငန်းတွေက အလုပ်သမားတွေ အခက်အခဲတွေ့ပြီး လုပ်ငန်းရှင်တွေလည်း ဆောက်ဖို့ ချေးငွေ ဘဏ်တိုးတက် တာနဲ့ ကြုံနေရတယ် လို့ သိရပါတယ်။

အခု ဝေဖန်တဲ့ သူတွေ ထဲ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် က အမတ် တွေလည်း ပါလာပါပြီ။

မြန်မာနိုင်ငံမှာ အရင်က အဆောက်အအုံ စံနှုန်း တိတိကျကျ သတ်မှတ် မထားတာကို အမြန်သတ်မှတ် ပေးစေလိုတယ်လို့ ရန်ကုန်တိုင်း လွှတ်တော်အမတ် တယောက်ဖြစ်တဲ့ ဒေါ်စန္ဒာမင်း က ပြောပါတယ်။

ဘယ်နေရာမှာ ဘယ်နှထပ်ထက် ပိုမဆောက်ရ ဆိုတဲ့ ဇုန် သတ်မှတ်ချက်ကို အရင် သတ်မှတ်ပေးစေလိုပြီး အဲဒီစံနှုန်းတွေနဲ့ မကိုက်တာကို ပြန်ပြင်ဆင်စေလိုတယ်လို့ ဆိုပါတယ်။

စည်ပင်ဘက်က သတ်မှတ်တဲ့ စစ်ဆေးမှု စံနှုန်းကို အရင်ထုတ်ပြန်ပြီး ကျန်တဲ့ အဆောက်အအုံတွေကို ဒီစံတွေနဲ့ စစ်မစစ် သေချာလေ့လာသွားမယ် လို့လည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ