အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မီတီ ဖွဲ့

  • 15 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် bbc
Image caption ဦးဟင်နရီ ဗန်ထီးယူ က ဗဟိုကော်မီတီကို ဦးဆောင်မှာ ဖြစ်ပါတယ်။

ဆန္ဒပြ ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုတွေကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ ဆိုပြီး အရေးပေါ်ကာလ စီမံ ခန့်ခွဲရေး ဗဟို ကော်မတီကို သမ္မတ ဦးထင်ကျော် က ဖွဲ့စည်း ပေးလိုက်ပါတယ်။

အဓိကရုဏ်း ဖြစ်ပွား ခဲ့ရင် လျင်လျင်မြန်မြန် ကိုင်တွယ် ထိန်းသိမ်း နိုင်ဖို့ စီမံ ပေးနိုင်အောင်နဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း တွေ ထပ်မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ် နိုင်ဖို့ ရည်ရွယ် တယ် ဆိုပြီး သမ္မတရဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြ ထားပါတယ်။

အရေးပေါ်ကာလ စီမံ ခန့်ခွဲရေး ကော်မီတီရဲ့ ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဖော်ပြ ထားရာမှာတော့ မီဒီယာနဲ့ သွေးထိုး လှုံ့ဆော်မှုရှိရင် မီဒီယာနဲ့ ရှင်းလင်းတုံ့ပြန်ဖို့၊ နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှု နဲ့ အထွေထွေ ဆန္ဒပြမှု ဖြစ်ရင် ပြည်သူ့အားနဲ့ ပြန်လည် ဖော်ထုတ် ချေဖျက်ဖို့ ဆိုတဲ့ အချက်တွေ ထည့်သွင်းထားပါတယ်။

လိုအပ်ရင် အခြား ပြည်ထောင်စု ဝန်ကြီး၊ တပ်မတော် အရာရှိ နဲ့ အရပ်ဖက် ပုဂ္ဂိုလ်တွေ ကို ခေါ်ယူညှိနှိုင်း ဆောင်ရွက်ဖို့လည်း ဖော်ပြထား ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန က ဒီလို ဗဟိုကော်မီတီ ဖွဲ့စည်းပေးဖို့ တင်ပြထားတာ နှစ်လကျော် အကြာမှာ ခုလို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းလှိုင်က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ