မြစ်ကြီးနားမှာ မိုးသည်းရေလျှံ

  • 15 ဇူလိုင် 2016
flood
Image caption မုတ်သုန်မိုးကြီးပြီး ရေကြီးရေလျှံနေ

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဇူလိုင်လ ၁၅ ရက်က မိုးဆက်တိုက် သည်းထန်စွာ ရွာခဲ့လို့ မြို့ပေါ်ရပ်ကွက် ၁ဝ ခုကျော်မှာ ရေတွေ နစ်မြုပ်ခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း မြို့တွေ တော်တော်များများမှာ မိုး ဆက်တိုက် ရွာနေပြီး ရေကြီးမှုတွေ ကြုံတွေ့နေရပါတယ်။

မြစ်ကြီးနားမှာ ၃ နာရီလောက်အကြာ မိုးအဆက်မပြတ် ရွာခဲ့လို့ မြို့ပေါ်က အနိမ့်ပိုင်း ရပ်ကွက်တွေ ရေမြုပ်ပြီး လမ်းမတွေပေါ် ရေလွှမ်းခဲ့သလို နေအိမ်တွေထဲလည်း ရေဝင်ခဲ့ပါတယ်။

ခုချိန်ထိလည်း မြို့ပေါ်မှာ ရေတွေ မကျသေးပါဘူး။

မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် မရောက်သေးပေမယ့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ နောက် (၂)ရက်လောက် အထိ မိုးများနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

လာမယ့် ရက်တွေအတွင်း ဧရာဝတီတိုင်းထဲက မြို့တွေမှာ စိုးရိမ်ရေမှတ် ကျော်ပြီး ရေကြီးတာတွေ ရှိနိုင်တယ် လို့လည်း ဦးကျော်မိုးဦးက ပြောပါတယ်။

လောလောဆယ် ဧရာဝတီမြစ်ရေ ညောင်ဦး မြင်းမူ ဘက်မှာ စိုးရိမ်ရေမှတ် ကျော်နေပြီး ချင်းတွင်းမြစ်ရေ ကတော့ တရက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ကျသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ