နောက်နှစ် အေဆမ်စည်းဝေး နေပြည်တော်မှာ ကျင်းပမယ်

  • 16 ဇူလိုင် 2016
Image caption မွန်ဂိုလီးယား သမ္မတ မြန်မာနိုင်ငံ ရောက်ရှိတုန်းက ဦးထင်ကျော်က လက်ခံ တွေ့ဆုံစဉ်

မွန်ဂိုလီးယား နိုင်ငံ အူလန်ဘာတာ မြို့မှာ ဇူလိုင် ၁၅နဲ့ ၁၆ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် ဥရောပ အာရှ ထိပ်သီး အစည်းအဝေးကို မြန်မာ သမ္မတ ဦးထင်ကျော် တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲမှာ အေဆမ် အဖွဲ့၀င် နိုင်ငံတွေ အနေနဲ့ ကိုယ့်နိုင်ငံ အကျိုး စီးပွားကို ရှေ့ရူ လုပ်ဆောင်နေပေမယ့် အာရှနဲ့ ဥရောပ တိုက်ကြီး နှစ်ခုကြား ချစ်ကြည်ရင်းနှီးမှုကိုလည်း တည်ဆောင်ဖို့လို့ ဦးထင်ကျော်က ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ၊ တရားဥပဒေ စိုးမိုးရေး ၊ သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေး ၊ ဆင်းရဲမှု လျော့ချရေး ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဘေးအန္တရယ် တားဆီး ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ မြင်သာ ထင်သာ ရှိတဲ့ ရလဒ်တွေ ပေါ်ထွက်လာအောင် ကြိုးစားဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်နှစ် ၂၀၁၇ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ၁၃ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ၀န်ကြီးများ ဆိုင်ရာ အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ကြောင်းလည်း မြန်မာ သမ္မတ က အသိပေး သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ