NCA လက်မှတ် မထိုးသေးတဲ့ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့မယ်

  • 17 ဇူလိုင် 2016
updjc_dassk ဓာတ်ပုံ မူပိုင် EPA
Image caption ပြည်တွင်း ငြိမ်းချမ်းရေး ညီလာခံ အထမြောက် အောင်မြင်လာဖို့ အတွက် အရေးကြီးတဲ့ တွေ့ဆုံမှု ဖြစ်လာ နိုင်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီအဖွဲ့ UNFC ရဲ့ ထိပ်သီးခေါင်းဆောင်တွေ ဇူလိုင် ၁၇ ရက် တနင်္ဂနွေ နေ့မှာ တွေ့ဆုံ ကြဖို့ ရှိနေ ပါတယ်။

UNFC ဘက်က အဲဒီ့ အဖွဲ့ရဲ့ ဥက္ကဌ လည်း ဖြစ်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ရဲ့ ဒုတိယ ဥက္ကဌ လည်း ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး N ဘန်လ နဲ့အတူ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA ရဲ့ နာယက ဗိုလ်ချုပ် ဆေထင်၊ မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန်၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ဥက္ကဌ ခူးအေဘယ်လ် တွိတ် တို့ တက်ရောက် ကြမှာ ဖြစ်ပါတယ်။

ဒါဟာ တနိုင်ငံ လုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ မပါဝင် သေးတဲ့ လက်နက်ကိုင် အဖွဲ့ တွေရဲ့ ခေါင်းဆောင် တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ပထမ ဆုံးအကြိမ် တွေ့ဆုံ လာတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အစိုးရက ကျင်းပဖို့ ကြိုးစား နေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ လို့ ခေါ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ညီလာခံ အထမြောက် အောင်မြင်လာဖို့ အတွက် အရေးကြီးတဲ့ တွေ့ဆုံမှု ဖြစ်လာ နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ