ပျော်ရွှင်မှုစစ်တမ်း မြန်မာ ၈၁ ချိတ်

  • 21 ဇူလိုင် 2016
thai ဓာတ်ပုံ မူပိုင် epa
Image caption ပျော်ရွှင်မှု အဆင့်မြင့်တဲ့ ထိုင်းနိုင်ငံသားတယောက်

နောက်ဆုံး ထွက်ရှိလာတဲ့ ကမ္ဘာ့ပျော်ရွှင်မှု စစ်တမ်းမှာ မြန်မာနိုင်ငံက အဆင့် ၈၁ ချိတ်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က နံပါတ် ၈၊ ထိုင်းက နံပါတ် ၉ ချိတ်ပါတယ်။

နိုင်ငံ ၁၄ဝ မှာ လေ့လာခဲ့တဲ့ ဒီစစ်တမ်းအရ မြန်မာ က သက်တမ်းရှည်မှု၊ တန်းတူညီမျှမှုတွေမှာ အဆင့် ၁ဝ၃ ၊ ၁ဝ၄ တွေနဲ့ နှောင့်နှေးပါသေးတယ်။

ဘဝ နေပျော်မှု မှာလည်း အဆင့် ၁၁ဝ ပဲရှိပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ ဂေဟစနစ် ထုတ်လွှတ်မှုတွေမှာတော့ မြန်မာက အဆင့် ၃၆ နဲ့ ကောင်းတဲ့အထဲမှာ ပါပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ဒီလို ပျော်ရွှင်မှု စစ်တမ်းကောက်ရာမှာ သက်ရောက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

လက်တင် အမေရိက ဒေသက ကော့စတာရီးကား ထိပ်ဆုံးမှာ အဆင့် ၁ နဲ့ ရှိနေပြီး ဒေသတွင်းက ဗီယက်နမ်ကလည်း အဆင့် ၅ ချိတ်ပါတယ်။

စီးပွားရေး အင်အားကြီးတဲ့ အမေရိကန်က အဆင့် ၁ဝ၈၊ သြစတြေးလျက ၁ဝ၅ ချိတ်ပြီး ရုရှက ၁၁၆ ပါ။

လူသားတွေ နေပျော်တဲ့ ကမ္ဘာ့ စီးပွားရေး စနစ် ပေါ်လာဖို့ ရည်ရွယ်ပြီး ဗြိတိန် အခြေစိုက် အမျိုးသား စီးပွားရေး ဖောင်ဒေးရှင်းက ဒီစစ်တမ်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သက်တမ်း ရှည်မှုနဲ့ ဘဝ နေပျော်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှု တွေကို အခြေခံ ကောက်တဲ့ စစ်တမ်းဖြစ်လို့ ချမ်းသာတဲ့ အနောက်နိုင်ငံ တချို့ ဒီစစ်တမ်းမှာ အဆင့်လျော့ကျခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ