အခြေအနေမှန်နဲ့ နီးစပ်တဲ့ သန်းခေါင်စာရင်း

  • 21 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် c
Image caption သန်းခေါင်စာရင်း ကောက်ခံစဉ်က ဓါတ်ပုံ

အစိုးရနဲ့ ကုလသမဂ္ဂရဲ့ လူဦးရေ ရန်ပုံငွေ အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ကိုးကွယ်တဲ့ ဘာသာအလိုက် သန်းခေါင်စာရင်း ဟာ အခြေအနေမှန်နဲ့ နီးစပ်တယ်လို့ အလုပ်သမား၊ လူ၀င်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာနက အမြဲတမ်း အတွင်း၀န် ဦးမြင့်ကြိုင်က ပြောပါတယ်။

တကယ်တမ်း ကောက်ခံရရှိတဲ့ စာရင်း အရ လူဦးရေ သန်းငါးဆယ်ကျော် ရှိပြီး မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ၀င် ၈၉.၈ ရာနှုန်းနဲ့ ၄၅ သန်းကျော် ၊ ခရစ်ယာန်က ၆.၃ ရာနှုန်း နဲ့ ၃ သန်းတသိန်း ၊ အစ္စလာမ် က ၂.၃ ရာနှုန်းနဲ့ ၁သန်း တသိန်း အပြင် ဟိန္ဒူက ၀.၅ ရာနှုန်း နဲ့ လူဦးရေ ၂သိန်း ငါးသောင်းခန့် ရှိတယ်လို့ ဦးမြင့်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်လို့ မရတဲ့လူဦးရေ တသန်း နှစ်သိန်း ရှိပြီး အဲဒီ ထဲမှာ တသန်း ကိုးသောင်းက ရခိုင်ပြည်နယ်က ဖြစ်ပါတယ်။

အဲဒီ ကောက်လို့မရတဲ့ အရေအတွက်ကို ဖျက်ပြီး တွက်ရင် ဗုဒ္ဓဘာသာ၀င် ၈၇.၉ ရာနှုန်း ၊ ခရစ်ယာန်က ၆.၂ ရာနှုန်း၊ အစ္စလာမ် က ၄.၃ ရာနှုန်းနဲ့ ဟိန္ဒူက ၀.၅ ရာနှုန်း ရှိတယ်လို့ ဦးမြင့်ကျော်က ဆိုပါတယ်။

လူဦးရေ တသန်းဆိုတဲ့ ကိန်းဂဏန်းက အပြောင်းအလဲ ဖြစ်နိုင်တာမို့ ပြည်တွင်း ပြည်ပ အကြံပေး ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဒါတွေကို ထည့်ပေါင်းလိုက်တာက အခြေအနေမှန်နဲ့ နီးစပ်တယ်လို့ သူက ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ နှစ်၃၀ က ကောက်ခံခဲ့တဲ့ စာရင်းနဲ့ အခု ဘာသာအလိုက် လူဦးရေ စာရင်းကို ကြည့်ရင် အပြောင်းအလဲ သိတ်မရှိပေမယ့် ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှု ရှိတယ် ဆိုတာ ပြသနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လူမျိုးအလိုက် သန်းခေါင်စာရင်း ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ