မိုင်းလား၊ ဝ အဖွဲ့ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အခု လကုန်ပိုင်း တွေ့ဖို့ရှိ

  • 23 ဇူလိုင် 2016
ndaa_uwsa_dassk_meeting
Image caption ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီဝင် တွေ က ပြီးခဲ့တဲ့ လ တုန်းက မိုင်းလား ကို သွားခဲ့တဲ့ ခရီးစဉ် အတွင်း မှာ ကတည်းက အခုလို မိုင်းလားနဲ့ ဝ ခေါင်းဆောင် တွေ နေပြည် တော် လာဖို့ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အထူးဒေသ ၄ မိုင်းလား အဖွဲ့ NDAA နဲ့ ဝ လက်နက်ကိုင် UWSA တို့ရဲ့ ခေါင်းဆောင် တွေ နဲ့ ဇူလိုင်လ နောက်ဆုံးပတ်ထဲ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒီလို တွေ့ဆုံကြတဲ့ အခါ အစိုးရက ကျင်းပဖို့ ကြိုးစား နေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ လို့ ခေါ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ညီလာခံ နဲ့ ပတ်သက်ပြီး သဘောထား အမြင်တွေ ဖလှယ် သွားမယ်လို့ NDAA အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီဝင် တွေ က ပြီးခဲ့တဲ့ လ တုန်းက မိုင်းလား ကို သွားခဲ့တဲ့ ခရီးစဉ် အတွင်း မှာ ကတည်းက အခုလို မိုင်းလားနဲ့ ဝ ခေါင်းဆောင် တွေ နေပြည် တော် လာဖို့ ဖိတ်ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

နေပြည်တော်မှာ ရှိ နေတုန်း လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နဲ့လည်း တွေ့ဆုံ သွားလိုတယ် လို့လည်း ဦးကြည်မြင့် က ဆိုပါတယ်။

NDAA ခေါင်းဆောင်တွေရဲ့ နေပြည်တော် ခရီးစဉ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုံညီ တွေ့ကြမယ့် ကချင် ပြည်နယ် ထဲက မိုင်ဂျာယန် ညီလာခံ ၄ ရက်တာ အချိန်နဲ့ တိုက်ဆိုင် နေတဲ့ အတွက် မိုင်ဂျားယန် ကို NDAA အနေနဲ့ လေ့လာသူ အဖြစ်ပဲ တက်ရောက် မယ်လို့ ဦးကြည်မြင့် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ