ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး အာဆီယံအစည်းအဝေး

  • 24 ဇူလိုင် 2016
Asean, DASSK ဓာတ်ပုံ မူပိုင် AP

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေးမှာ အာဆီယံဒေသတွင်းအရေး ကိစ္စတွေအများအပြား ဆွေးနွေးကြတဲ့အပြင် တောင်တရုတ်ပင်လယ်တွင်း တရုတ်နဲ့ ဖိလစ်ပိုင်တို့ ပိုင်နက်အငြင်းပွားမှု ဖြစ်နေတဲ့ ကိစ္စကတော့ အများစိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်တွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ လာအိုကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကြားနေဝါဒ ကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ နေလိုတာကြောင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုကိစ္စမှာ ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်တာမျိုး မတွေ့ရဘူးလို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအနေတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ စီးပွားရေး၊ လူမှုရေး၊ ခရီးသွားလုပ်ငန်း နဲ့ အခြေခံအဆောက်အအုံ စတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အလားအလာတွေ အများကြီး ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

အရင်ကတော့ မြန်မာနိုင်ငံဟာ အာဆီယံထဲမှာ သိုးမည်းတစ်ကောင်ဖြစ်ပြီး အနောက်နိုင်ငံတွေက အာဆီယံကို ဝေဖန်ခဲ့ကြကြောင်း၊ အခုချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရစီအစိုးရ ဦးဆောင်ချိန်မှာ အာဆီယံအကျိုးစီးပွားအတွက် ပိုကောင်းလာကြောင်လည်း ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြင် တဆက်တည်း ကျင်းပတဲ့ ဒေသတွင်း ဆက်စပ်အစည်းအဝေးတွေကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ