ဒေါ်အောင်ဆန်းစုကြည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်နေ

  • 24 ဇူလိုင် 2016
dassk_asean_fm_meeting_
Image caption တောင်တရုတ် ပင်လယ်တွင်း ပိုင်နက် အငြင်းပွား နေတဲ့ ကိစ္စ အပါအဝင် အာဆီယံ ဒေသတွင်း အရေး ကိစ္စတွေကို ဆွေးနွေး ကြမှာ ဖြစ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရ ကက်ဘိနက် အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီး တာဝန်နဲ့ လာအို နိုင်ငံမြို့တော် ဗီယန်ကျင်းမှာ တနင်္ဂနွေ နေ့က စတင် ခဲ့ပြီ ဖြစ်တဲ့ အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးများ အစည်း အဝေး နဲ့ ဆက်စပ် အစည်း အဝေး တွေကို တက်ရောက် နေပါတယ်။

အဖွဲ့ဝင် ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့ နဲ့ တရုတ် အကြား တောင်တရုတ် ပင်လယ်တွင်း ပိုင်နက် အငြင်းပွား နေတဲ့ ကိစ္စ အပါအဝင် အာဆီယံ ဒေသတွင်း အရေး ကိစ္စတွေကို ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဇူလိုင် ၂၆ ရက် နေ့မှာတော့ ဗီယန်ကျင်း အစည်းအဝေးဟာ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ အဖြစ် အထိ တိုးချဲ့ လာမှာ ဖြစ်ပါတယ်။

အဲဒီ့ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ မှာတော့ အမေရိကန်၊ တရုတ်၊ ဂျပန် နဲ့ ရုရှား အပါအဝင် ဆွေးနွေးဖက် နိုင်ငံတွေက အဆင့်မြင့် သံတမန် တွေ ပါ ပူးပေါင်း ပါဝင် ဆွေးနွေး လာကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ