ကချင် စစ်ကိုင်း မကွေး နဲ့ ဧရာဝတီ တိုင်း မိုးကြီးရေလျှံ

  • 24 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် epa
Image caption မြန်မာပြည် အထက်ပိုင်း ရေကြီး ရေလျှံ

ကချင် စစ်ကိုင်း မကွေး နဲ့ ဧရာဝတီ တိုင်းဒေသက မြို့တွေအချို့မှာ အခု ရက်ပိုင်း မိုးသည်းထန်စွာ ရွာနေလို့ ရေ ကြီးရေလျှံမှုတွေ ကြုံနေရပါတယ်။

ချင်းတွင်းမြစ်နဲ့ ဧရာဝတီ မြစ် စတဲ့ မြစ်ကြီးတွေဘေးကမြို့တွေမှာ အတော်များများ စိုးရိမ်ရေမှတ် အထက် ရောက်နေကြပါပြီ။

ချင်းတွင်းမြစ် အထက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ ၃ရက်လောက်က စပြီး ရေပြန်တက်လာခဲ့ပြီး ဒါဟာဒီနှစ်ထဲမှာ ၃ကြိမ်မြောက် ရေကြီးတာ ဖြစ်ပါတယ်။

ဒီနေ့ မှာတော့ ခန္တီးမှာတစ်မြို့လုံးမှာ ရပ်ကွတ်တစ်ခု ကလွဲတဲ့ ကျန်တဲ့ နေရာတွေမှာ ရေလွှမ်းနေပါတယ်။

မြို့ပေါ်မှာစက်လှေတွေ လှေတွေနဲ သွားနေရပြီး စာသင်ကျောင်း တွေ အကုန်ပိတ်ထားရပါတယ်လို့ ခန္တီးက ဒေသခံ ကိုအောင်ဆန်းမြင့်ပြောပါတယ်။

ချင်းတွင်းမြစ် အထက်ပိုင်းက ခန္တီး လိုဘဲ ဟုမ္မလင်း ဖောင်းပြင် မော်လိုက် ကလေးဝ မင်းကင်း ကနီ မုံရွာတို့မှာ လည်း နောက်ရက်တွေဆိုရင် သတိထားဖို့လိုပြီး လက်ရှိအခြေနေထက် ရေတွေတိုးလာဖို့ရှိတယ် လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှူး ဦးစီးဌာန က ဒုတိယညွန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ချင်းတွင်းနဲ ဧရာဝတီ မြစ်အထက်ပိုင်းက ရေ တွေဟာ နောက်ရက်တွေဆိုရင် မြန်မာပြည် အလယ်ပိုင်းကနေ အောက်ပိုင်း ကို ရောက်လာတော့ မှာဖြစ်ပါတယ်။

အထက်ပိုင်း ဒေသတွေမှာ ဇူလိုင်လ ၂၉ ရက်နေ့အထိ မိုးကောင်းနိုင်တဲ့ အတွက် မြစ်ကြီးတွေဘေးက မြို့တွေအနေနဲ့ အထူးသတိရှိကြဖို့ အစိုးရဘက်က နှိုးဆော်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ