ကမန် ကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်မယ့် NVC ကတ် ထုတ်ပေး

  • 26 ဇူလိုင် 2016
Image caption ကမန်တိုင်ရင်းသားတွေက စာရေးသား တောင်းဆို

ရခိုင်ပြည်နယ် အတွင်းက ကမန်တိုင်းရင်းသားတွေ နေထိုင်တဲ့ ရွာတွေကို သံတွဲမြို့နယ်လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနက ဘင်္ဂလီ ကျေးရွာတွေလို့သုံးစွဲခဲ့ပြီး၊ NVC လို့ခေါ်တဲ့ နိုင်ငံသား ဟုတ်မဟုတ်စိစစ်ခံရမယ့် ကတ်တွေ ထုတ်ပေးနေပါတယ်။

ဒီလုပ်ရပ်ကို ရပ်တန့်ပေးဖို့ နိုင်ငံတော် အကြီးအကဲတွေဆီကို ကမန်တိုင်ရင်းသားတွေက စာရေးသား တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ကမန်တိုင်းရင်းသား တွေရဲ့ တာဝန်အရှိ ဆုံး ပုဂ္ဂိုလ် လေးဦးကနေ လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

NVC ကတ်တွေ ထုတ်ပေးခံရတဲ့ကျေးရွာတွေကတော့ လင်းသီရွာနဲ့ ပေါက်တော ကျေးရွာတွေ ဖြစ်တယ်လို့ ကမန် တိုင်းရင်းသား လူမှုကွန်ယက် ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောပါတယ်။

ကမန် တိုင်းရင်းသားတွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ရခိုင်မှာနေလာတဲ့ တိုင်းရင်းသား ကမန်တွေ ဖြစ်ကြတဲ့ အတွက် ခုလို ထုတ်ပေးတဲ့ အပေါ် လုံး၀ လက်မခံနိုင်ဘူးလို့ ပြောဆိုပါတယ်။

ကမန်တိုင်းရင်းသား ကျေးရွာတွေ အပေါ် ဘင်္ဂလီရွာတွေလို သုံးနှုန်းတာက မဖြစ်သင့်ဘဲ ကမန်တွေက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်ပါတယ်။

သူတို့အနေနဲ့ ရခိုင်ပြည်နယ်က ကမန်တိုင်းရင်းသားတွေအတွက်သာ တောင်းဆိုတာ ဖြစ်ပြီး သံတွဲမြို့နယ်မှာ ကမန် တိုင်းရင်းသား ၈၅၀၀ ခန့်ရှိတယ်လို့ ပြောပါတယ်။

နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ မရသေးတဲ့ ကမန်တိုင်းရင်းသားတွေကို မှန်မှန်ကန်ကန် စိစစ်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ