အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် အရေး ဒေလီမှာ ဆွေးနွေး

  • 27 ဇူလိုင် 2016
india_myanmar_boder_meeting_
Image caption အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး ရာဂျစ်ဗ် မယ်ဟာရီရှီနဲ့ မြန်မာ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုး တို့ တွေ့ဆုံ။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် တလျှောက် က လက်နက်ကိုင် အဖွဲ့တွေ ရဲ့ လှုပ်ရှား မှုတွေနဲ့ လက်နက် မှာင်ခိုမှု တွေ ကို ပိုမို ထိန်းချုပ် နိုင်ဖို့ နည်းလမ်းတွေကို နှစ်နိုင်ငံ အဆင့်မြင့် အရာရှိတွေ အိန္ဒိယ နိုင်ငံ ဒေလီ မြို့တော်မှာ ဆွေးနွေး ခဲ့ကြ ပါတယ်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး ရာဂျစ်ဗ် မယ်ဟာရီရှီနဲ့ မြန်မာ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုး တို့ တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပြီး ဆွေးနွေး ခဲ့ကြတဲ့ အထဲ နယ်စပ် အရေး လုံခြုံရေး ဆိုင်ရာ သတင်း အချက်အလက် တွေ ကို နှစ်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့တွေ ကြား တိုးမြှင့် ဖလှယ် ရေးလည်း ပါဝင်တယ်လို့ ဒေလီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာ တွေထဲ နယ်နမိတ် ဆိုင်ရာ ကိစ္စ နဲ့ မူးယစ် ဆေးဝါး နှိမ်နှင်ရေး ကိစ္စတွေ လည်း ပါဝင် နေတယ်လို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန နိုင်ငံတကာ ရေးရာ ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းက ဘီဘီစီကို ပြောပါတယ်။

နှစ်နိုင်ငံကြား နှစ်စဉ် ပုံမှန် တလှည့်စီ လက်ခံ ကျင်းပတဲ့ အဲဒီ အစည်းအဝေးကို အခု နှစ်မှာတော့ အိန္ဒိယ မှာ ပြုလုပ်တာ ဖြစ်ပြီး၊ ဇူလိုင် ၂၇-၂၈ နှစ်ရက် ကျင်းပ သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ