ကျောက်မျက်လုပ်ကွက် ၂၇၀၀ ကျော် လိုင်စင်တိုးမပေးတော့

  • 28 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရေမဆေးကျောက်ရှာသမားတွေ တူးဖော် ရှာဖွေနေ

မြန်မာနိုင်ငံအတွင်း ကျောက်စိမ်းနဲ့ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းလိုင်စင်တွေကို လက်တလော ထပ်မံ သတ်တမ်း တိုးခွင့် ပြုပေးတော့မှာ မဟုတ်ဘူးလို့ အစိုးရရဲ့ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရ ရဲ့ ခွင့်ပြုချက်နဲ တူးဖော်နေတဲ့ ကျောက်စိမ်း နဲ ကျောက်မျက်လုပ်ငန်း လုပ်ကွတ်ပေါင်း ၂၇၀ဝကျော်ရှိပြီး အဲဒီ လုပ်ကွတ်တွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို အစိုးရ ဘက်က သတ်တမ်း တိုးဖို့ ခွင့်မပြုတာ ဖြစ်ပါတယ်။

ကျောက်စိမ်းတွေ အဓိက တူးနေတဲ့ ဖားကန့် ဒေသအပါအဝင် မိုင်းရှူး ၊ မိုးကုတ်စတဲ့ ရတနာမြေတွေမှာ တူးဖော်နေတဲ့ လုပ်ကွတ်တွေလည်း ပါ၀င်ပါတယ်။

ဒီနှစ်ထဲမှာ အတည်ပြူ ထားတဲ့ ကျောက်မျက်ဥပဒေဟာ နည်းဥပဒေထွက် မလာသေးတာကြောင့် အသက် မဝင်သေးဘဲ ဒီလုပ်ကွတ်တွေကို ကျောက်မျက် ဥပဒေအသစ် နဲ့ ကိုက်ညီတဲ့ လုပ်ကွက်တွေအဖြစ် ပြောင်း လဲ ဖို့ ရည်ရွယ်တယ်လို့ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ကျောက်မျက်ဦးစီးဌာန က ညွန်ကြားရေးမှူး ဦးသက်ခိုင် က ပြောပါတယ်။

၁၉၉၅ ခုနှစ်မှာ ထွက်တဲ့ မြန်မာနိုင်ငံ ကျောက်မျက် ဥပဒေထဲမှာ လုပ်ကွက် သုံးမျိုးဘဲ ရှိပြီး ဒါကို ထပ်ပြင်တဲ့ ၂၀၁၆ မှာ ပြင်ဆင် ပြဌာန်းနဲ့ ဥပဒေမှာတော့ လေးမျိုး ပါရှိပါတယ်။

တိုင်းဒေသ ကချင်ပြည်နယ် အစိုးရက ချပေးတဲ့ လုပ်ကွက်က နှစ်မျိုး ဖြစ်ပြီး ပြည်ထောင်စု အစိုးရက ချပေးတဲ့ လုပ်ကွက် နှစ်မျိုး ရှိပါတယ်။

အရင်ချထားပေးပြီးသား လုပ်ကွက်တွေကို နောက်ပြဌာန်းတဲ့ ဥပဒေနဲ့ ကိုက်ညီတဲ့ လုပ်ကွက်ဖြစ်အောင် လုပ်ဖို့ အတွက် ရည်ရွယ် လုပ်ဆောင်တာလို့ ဆိုပါတယ်။

လက်ရှိ သက်တမ်း ရှိနေတဲ့ လုပ်ကွက်လိုင်စင်တွေကတော့ ဆက်လုပ်ခွင့် ရှိနေပြီး တချို့ ဆိုရင် ၂၀၂၁ ခုနှစ် အထိ လုပ်ခွင့် ရထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို လုပ်ကွက် လိုင်စင် သက်တမ်းတိုးမှု ရပ်လိုက်တဲ့ အပေါ် လုပ်ငန်းရှင်တွေဘက်က ဝေဖန်မှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော် ဦး ကတော့ အခုလို လိုင်စင်သက်တမ်းတိုးမှု ရပ်ဆိုင်းရုံနဲ့ ထုတ်လုပ်မှု ကျဆင်းဖို့ မရှိဘူးလို့ ဆိုပါတယ်။

ရတနာ ထွက်တဲ့ နေရာတွေမှာ တရားဥပဒေ စိုးမိုးဖို့ လိုပြီး တကယ်တမ်း ခိုးတူးတာတွေ အများအပြား ရှိနေသလို အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ပေါင်းကာ လိုင်စင်မရှိဘဲ တူးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကျောက်စိမ်း အဓိက ထွက်ရှိရာ ဖားကန့် လုံခင်း မိုးညှင်းတို့ မှာ ကုမ္ပဏီပေါင်း ၇၀၀ နီးပါးလောက် ကျောက်စိမ်း ထုတ်လုပ် ရေးတွေ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

မနှစ်ကတော့ ဖားကန့်မှာ မြေစာပုံတွေ ပိလို့ လူရာနဲ့ချီပြီး သေဆုံးမှုရှိခဲ့တာ ဖြစ်ပါတယ်။

အစိုးရသစ်ဟာ ကျောက်စိမ်း ထုတ်လုပ်မှုကို လျော့ချဖို့ကြိုးစားလာတာ ဖြစ်ပေမယ့် ဒီလို ကျောက်စိမ်း ကျောက်မျက်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တာကြောင့် တစ်ဖတ်မှာ တရားမဝင် ခိုးထုတ်မှုတွေ ပိုပြီး များလာနိုင်တယ် လို့ လုပ်ငန်းရှိတွေဖက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ